တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူ ၁ ဒသမ ၁ သန်းကျော် ရေဘေးသင့်

 

နန်ချောင်   ဇွန်  ၁၁ 


တရုတ်နိုင်ငံ   ကျန်းရှီးပြည်နယ် သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၁ ဒသမ ၁ သန်း ကျော် ရေဘေးကြုံတွေ့ခဲ့ကြောင်း၊ ထို့အပြင် အဆိုပါမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မေ ၂၈ ရက်မှ ဇွန်   ၁၀  ရက်   ညနေ   ၄  နာရီ အထိ  ရေကြီးရေလျှံမှု  ဖြစ်ပေါ် ခဲ့ကြောင်း     ဒေသအာဏာပိုင်များက ပြောသည်။ 

 


ကျန်းရှီးပြည်နယ်သည် စနေ နေ့ ညနေ ၆ နာရီအထိ ရေကြီးမှု ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်မှု ကို အဆင့်(၄)အဖြစ် သတ်မှတ်ကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ   ပြည်နယ်တွင်  မိုးသည်း ထန်စွာ       ရွာသွန်းမှုကြောင့် လယ်ယာမြေနှင့်        အိမ်ရာများ ပျက်စီးဆုံးရှုံးမှု      ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ယွမ်   ၂  ဒသမ  ၆၅  ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်) ရှိကြောင်း၊ ထို့အပြင် လူဦးရေ စုစုပေါင်း    ၈၃၀၀၀  ခန့်ကို ဘေးလွတ်ရာသို့   ရွှေ့ပြောင်းပေး ခဲ့ရကြောင်း သိရသည်။ 

 


ကျန်းရှီးပြည်နယ်တွင် ဇွန် ၁၂ ရက်မှ ၁၄ ရက်အတွင်း မိုးသက် မုန်တိုင်း ကျရောက်နိုင်ပြီး မြောက် မှ  တောင်သို့  ရွေ့လျားသွားနိုင် ကြောင်း၊ နေရာအချို့တွင် မိုးသည်း ထန်စွာရွာသွန်းမှု  ဆက်လက်ဖြစ် ပေါ်လာနိုင်ကြောင်း မိုးလေဝသ ဌာနကခန့်မှန်းထားသည်။ 

ဆင်ဟွာ