
နေပြည်တော် ဇွန် ၁၁
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲက မိတ္ထီလာမြို့ ကန်တော်မင်ရပ်ကွက် ရန်ကုန်-မန္တလေးသွားကားလမ်း ဟောင်းတွင် သိန်းစိုးဦး မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၅၀၀၀ကို လည်းကောင်း၊ ထိုနေ့ ညနေ ၆ နာရီခွဲတွင် မော်လမြိုင်မြို့ ရွှေမြိုင်သီရိ ရပ်ကွက် ဒိုင်းဝန်ကွင်းလမ်းတွင် မနော်အိအိဖြိုးအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
သတင်းစဉ်