ငါးလုပ်ငန်းဦးစီးဌာန၏ အလုပ်သင်(နေ့စား)ဝန်ထမ်းများ လုပ်ငန်းခွင်ဝင် သင်တန်းဆင်းပွဲကျင်းပ

 

နေပြည်တော်  ဇွန်  ၁၀


စိုက်ပျိုးရေး၊    မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန     ငါး လုပ်ငန်းဦးစီးဌာနတွင်     တာဝန် ထမ်းဆောင်လျက်ရှိသော အလုပ် သင်  (နေ့စား)  ဝန်ထမ်းများ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ် စဉ်   (၁/၂၀၂၂)  သင်တန်းဆင်း အခမ်းအနားကို  ငါးလုပ်ငန်းဦးစီး ဌာန(ရုံးချုပ်)နှင့်  တိုင်းဒေသကြီး/ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ရုံးများတွင် ဇွန် ၁၀ ရက်က ကျင်းပသည်။

 


အဆိုပါ   အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်း မောင်က  သင်တန်းဆင်း  အမှာ စကားပြောကြားရာတွင်    ငါး လုပ်ငန်းဦးစီးဌာန    အလုပ်သင် (နေ့စား)      ဝန်ထမ်းများအား လုပ်ငန်းခွင် သင်တန်း  (၁/၂၀၂၂)ကို   နေပြည်တော်တွင်သာမက တိုင်းဒေသကြီး/      ပြည်နယ် အသီးသီးမှာ        တပြိုင်တည်း ဖွင့်လှစ်ခဲ့ပါကြောင်း၊   သင်တန်း တွင် ငါးလုပ်ငန်းများနှင့် ပတ်သက် သည့်   စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ရုံးလုပ်ငန်းဆိုင်ရာများ၊ ငွေစာရင်း ပိုင်းဆိုင်ရာများ၊   ဒေသအလိုက် ဆောင်ရွက်လျက်ရှိသည့်   ငါး လုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာများကို ပိုမိုစနစ်တကျသိရှိလာနိုင်စေရန်အတွက်    နေပြည်တော်နှင့် တိုင်းဒေသကြီး/        ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန အသီးသီးတွင် ငါးရက်  ကြာပို့ချပေးခဲ့ပါကြောင်း၊ လုပ်ငန်းခွင်ဝင်သင်တန်းမှ  ပို့ချ သင်ကြားပေးခဲ့သည့် ပညာရပ်များ ကို အသုံးချပြီး ငါးလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုး    တိုးတက်စေရေး အတွက် မိမိတို့တစ်ဦးချင်းအလိုက် ကြိုးစားလုပ်ကိုင်ဆောင်ရွက်ကြစေရန်  တိုက်တွန်းပြောကြားခဲ့ပြီး သင်တန်းဆင်း လက်မှတ်များကို ချီးမြှင့်ပေးသည်။  

 


 ပြည်ထောင်စု     နယ်မြေ (နေပြည်တော်)     အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် လည်း   အလုပ်သင်  (နေ့စား)ဝန်ထမ်းများ    လုပ်ငန်းခွင်ဝင် သင်တန်းကို ဇွန် ၆  ရက်မှ   ၁၀ ရက်အထိ သင်ကြားပို့ချပေးခဲ့ပြီး အဆိုပါ  သင်တန်းသို့  ငါးလုပ်ငန်း ဦးစီးဌာန  (ရုံးချုပ်) အပါအဝင် တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးမှ       သင်တန်းသား သင်တန်းသူ ၁၆၃ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။


သတင်းစဉ်