
နေပြည်တော် ဇွန် ၈
သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်(၆၉)ကို ဇွန် ၁၀ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့် မည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာမျှဝေမှု အစီအစဉ်ကို အစီအစဉ်တင်ဆက်သူ ထူးပြည့် အောင်နှင့် ယဉ်လက်တို့က တင် ဆက်ကြမည်ဖြစ်ပြီး လူရွှင်တော် အသင်းမှ မိသားစုများ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်း ပြိုင်ပွဲများကို ဇွန် ၁၀၊ ၁၁ နှင့် ၁၂ ရက်နေ့များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်