
ကင်ဘာရာ ဇွန် ၈
ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်ဘာနီးစ်က နှစ်ပေါင်း ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နာဆာဒုံးပျံသုံးစင်းကို တစ်လအတွင်းလွှတ်တင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အယ်ဘာနီးစ်နှင့် ဩစတြေးလျအာကာသ အေဂျင်စီ (အေအက်စ်အေ) မှ အကြီးအကဲဖြစ်သူ အင်ရီကို ပါလာမိုတို့သည် ကမ္ဘာပတ်လမ်းအောက် တိုင်းတာရေး နာဆာဒုံးပျံသုံးစင်းကို ဩစတြေးလျ မြောက်ပိုင်းနယ်မြေရှိ အန်းဟန်းအာကာသစင်တာမှ ဇွန် ၂၆ ရက်နှင့် ဇူလိုင် ၁၂ ရက်ကြားတွင် လွှတ်တင် သွားမည်ဖြစ်ကြောင်း ပြောသည်။
အဆိုပါဒုံးပျံလွှတ်တင်မှုသည် ၁၉၉၅ ခုနှစ် နောက်ပိုင်း ဩစတြေးလျနိုင်ငံမှ အမေရိကန် အာကာသ အစီအစဉ်၏ ဒုံးပျံလွှတ်တင်မှု ပထမဆုံး အကြိမ် ဖြစ်လာမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံခြား မြေပေါ်ရှိ စီးပွားဖြစ် ဒုံးပျံလွှတ်တင်ရေးစင်တာမှ ပထမဆုံးအကြိမ်လွှတ်တင်မှုလည်း ဖြစ်လာမည် ဖြစ်သည်။
နာဆာမှ ဝန်ထမ်း ၇၅ ဦးသည် ဒုံးကျည် ပစ်လွှတ်မှုများကို ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် ဩစတြေးလျနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း၊ အဆိုပါ ဒုံးပျံများကို ဟီလီယိုရူပဗေဒ၊ ရူပနက္ခတ် ဗေဒနှင့် ကြယ်၊ ဂြိုဟ်တို့၏ ဖွဲ့စည်းပုံစသည့် သိပ္ပံ ပညာရပ်များကို လေ့လာရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ