တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံ လူ ၈၀၀၀၀၀ ကျော် ရေဘေးသင့်

 

 

နန်ချောင်   ဇွန်  ၇
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီး ပြည်နယ်တွင်   မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်   ရေကြီးရေလျှံ မှုများ     ဖြစ်ပေါ်ကာ    ဒေသခံ ၈၀၀၀၀၀ ကျော် ရေဘေးကြုံတွေ့ ခဲ့ရကြောင်း ဒေသခံအာဏာပိုင် များ၏  ပြောကြားချက်အရ  သိရ သည်။ 
မေ   ၂၈   ရက်  နောက်ပိုင်း အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ကျန်းရှီးပြည်နယ်ရှိ ဒေသ ၈၀ ကျော် အကြီးအကျယ်ထိခိုက် ခံစားခဲ့ရကြောင်း၊ ကောက်ပဲသီးနှံ စုစုပေါင်း   ဟက်တာ   ၇၆၃၀၀ ပျက်စီးခဲ့ကြောင်း၊ စီးပွားရေးဆုံးရှုံး မှုအနေဖြင့်   ယွမ်   ၁  ဒသမ  ၁၆ ဘီလီယံ   (အမေရိကန်ဒေါ်လာ ၁၇၄ သန်းခန့်) တိုက်ရိုက်ဆုံးရှုံးမှု     ဖြစ်ပေါ်ခဲ့ကြောင်း      ပြည်နယ် ရေကြီးမှု ထိန်းချုပ်ရေးနှင့်မိုးခေါင် ခြင်း      လျော့ပါးရေးဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ 
အဆိုပါပြည်နယ်သည်   မိုး သည်းစွာ ရွာသွန်းမှုရပ်စဲပြီးနောက် ဇွန် ၇ ရက် နံနက် ၁၀ နာရီတွင် ရေကြီးထိန်းချုပ်မှု    အရေးပေါ် တုံ့ပြန်ရေး အဆင့်-၄ ကို ရုပ်သိမ်း ခဲ့ကြောင်း  သိရသည်။ အာဏာ ပိုင်များသည် ရာသီဥတုပြောင်းလဲ မှုဖြစ်စဉ်များကို      အနီးကပ်   စောင့်ကြည့်ရန် တောင်းဆိုထား ကြောင်းသိရသည်။       
    ဆင်ဟွာ