
နေပြည်တော် ဇွန် ၇
၂၀၂၂ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် ပေါင်းလောင်း အားကစားခန်းမ ဘော်လီဘော အားကစားရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင် မောင်နိုင်၊ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် (၃)ဦးမြင့်စိုး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာ လင်း၊ နေပြည်တော် ကောင်စီ အတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ နှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေး ခဲ့ကြသည်။
ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ် အသင်းနှင့် ဇမ္ဗူသီရိမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တပ်ကုန်း မြို့နယ်အသင်းမှ ဇမ္ဗူသီရိမြို့နယ် အသင်းကို သုံးပွဲပြတ်ဖြင့် လည်း ကောင်း၊ တတိယနေရာ လုပွဲတွင် ပျဉ်းမနားမြို့နယ် အသင်းနှင့် လယ်ဝေးမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပျဉ်းမနား မြို့နယ်အသင်းမှ လယ်ဝေး မြို့နယ်အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြ သည်။
အဆိုပါပြိုင်ပွဲ၌ တံခွန်စိုက် ပထမဆု၊ ဒုတိယဆုနှင့် တတိယ ဆုများသာမက အကောင်းဆုံး အားကစားသမား ပိတ်ဆို့ဆု၊ အကောင်းဆုံး အားကစားသမား ရိုက်ခုတ်ဆု၊ အကောင်းဆုံးအား ကစားသမား ဆယ်မဆု၊ အကောင်းဆုံး အားကစားသမား ပင့်ထောင်ဆု၊ အကောင်းဆုံး အားကစားသမား စပေးဘော ဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမား ဆုများကိုပါ ရွေးချယ်ချီးမြှင့်ခဲ့ ကြရာ ပြိုင်ပွဲတွင် တတိယဆုရရှိ သည့် ပျဉ်းမနားမြို့နယ်အသင်းကို နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်းက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကျပ် သုံးသိန်းကို လည်းကောင်း၊ ဒုတိယဆုရရှိသည့် ဇမ္ဗူသီရိ မြို့နယ်အသင်းကို နေပြည်တော် အား/ကာ ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ အဖွဲ့ဝင် (၃) ဦးမြင့်စိုးက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသား ဆုကျပ် ငါးသိန်းကို လည်းကောင်း၊ ပထမဆုရရှိသည့် တပ်ကုန်း မြို့နယ်အသင်းကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကျပ်ခုနစ် သိန်းကိုလည်းကောင်း၊ ပထမဆု ဖြင့် တံခွန်စိုက်ဆုဖလား ရရှိသွား သည့် တပ်ကုန်းမြို့နယ်အသင်းကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က တံခွန်စိုက် ဆုဖလားနှင့် ငွေသား ဆုကျပ် နှစ်သိန်းတစ်သောင်းကို လည်းကောင်း ချီးမြှင့်ခဲ့ကြသည်။
၂၀၂၂ ခုနှစ် နေပြည်တော် ကောင်စီဥက္ကဋ္ဌဖလား မြို့နယ် ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ကို ပြိုင်ပွဲဝင်အသင်း ရှစ်သင်း၊ အုပ်ချုပ်သူ/နည်းပြနှင့် အားကစား သမားအင်အား စုစုပေါင်း ၁၂၀တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲ ကို ဇွန် ၂ ရက် မှ ၇ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်