အမေရိကန် ဖီလာဒယ်ဖီးယားမြို့၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား လူသုံးဦးထက်မနည်းသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိ

 

 

ဖီလာဒယ်ဖီးယား   ဇွန်  ၆ 
အမေရိကန်ပြည်ထောင်စု    ဖီလာဒယ်ဖီးယားမြို့၌  ဇွန် ၄ ရက်  ညက    သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူသုံးဦးထက်မနည်း  သေဆုံးခဲ့ပြီး  ၁၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။ 
အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယား ပြည်နယ်၏ အကြီးဆုံးမြို့တော်ဖြစ်သည့် ဖီလာ ဒယ်ဖီးယားမြို့၏   ထင်ရှားကျော်ကြားသော  ညပွဲ လမ်းသဘင်    ကျင်းပရာနေရာရှိ     လူအုပ်ကြီးကို သေနတ်သမားအတော်များများက   သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ရဲများက ပြောသည်။ 
လူ ၁၄ ဦးကို ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း၊ ဆေးရုံ၌ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ကြောင်း ရဲဘက်က ပြောသည်။ 
အခင်းဖြစ်ပွားရာနေရာ၌ သေနတ် နှစ်လက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ သေနတ်ပစ်ခတ်သူများကို ယခုအချိန်အထိ မဖမ်းမိသေးကြောင်း သိရသည်။ 
အဆိုပါ    သေနတ်ပစ်ခတ်မှုသည်    လွန်ခဲ့သော သီတင်းပတ်အတော်များများအတွင်း   အမေရိကန် ပြည်ထောင်စုကို    တုန်လှုပ်စေခဲ့သော   နောက်ဆုံး သေနတ်ပစ်ခတ်မှုဖြစ်သည်။ 
ဆင်ဟွာ