ရှန်ကျို့ - ၁၄ အာကာသယာဉ်မှူးများ ထန်ကျို့ - ၄ ကုန်တင်အာကာသယာဉ်အတွင်းသို့ ဝင်ရောက်

 

 

ပေကျင်း   ဇွန်   ၆ 
ရှန်ကျို့ - ၁၄ အာကာသယာဉ်မှူး  သုံးဦးဖြစ်သည့်  ချန်တုန်း၊ လျိုရန် နှင့်       ချိုက်ရွှိကျယ်တို့သည်     ပတ်ဝန်းကျင်     စမ်းသပ်မှုများ  ပြီးဆုံးပြီးနောက်     ထန်ကျို့ - ၄  ကုန်တင် အာကာသယာဉ်အတွင်း သို့ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း    တရုတ်နိုင်ငံ လူလိုက်ပါ အာကာသ အေဂျင်စီ (စီအမ်အက်စ်အေ) က ဇွန် ၆ ရက်တွင် ပြောသည်။ 
တရုတ်၏   အာကာသစခန်း ပင်မ    ထိန်းချုပ်ခန်းအတွင်းသို့     အောင်မြင်စွာ  ဝင်ရောက်နိုင်ခဲ့ပြီး နောက်   ရှန်ကျို့ - ၁၄    အာကာသ    ယာဉ်မှူးများသည်   ထန်ကျို့ - ၄    ကုန်တင် အာကာသယာဉ် တံခါး ကို  ဖွင့်နိုင်ခဲ့ပြီး  ယာဉ်အတွင်းသို့  ပေကျင်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၉ မိနစ်တွင် ဝင်ရောက်နိုင်ခဲ့ ကြောင်း သိရသည်။ 
အဆိုပါ အာကာသယာဉ်မှူး များသည် ထန်ကျို့ - ၄ ကုန်တင် အာကာသယာဉ် အတွင်းသို့လည်း ဆက်လက် ဝင်ရောက်မည်ဖြစ်ပြီး ကုန်စည်လွှဲပြောင်းခြင်းနှင့် အခြား ဆက်စပ်လုပ်ငန်းများကို   စီစဉ် ထားသည့်အတိုင်း   ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ 
ရှန်ကျို့ - ၁၄   အာကာသ ယာဉ်ကို တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း      ချီးရှန်းဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ   ဇွန်  ၅ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ  အာကာသယာဉ်မှူးများ သည် ပတ်လမ်းထဲတွင် ခြောက်လ ကြာ     နေထိုင်မည်ဖြစ်ကြောင်း သိရသည်။                        ဆင်ဟွာ