
နေပြည်တော် ဇွန် ၆
၂၀၂၂ ခုနှစ် (၄၈)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညား အောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သော ဦးချစ်နိုင်၊ ဦးကိုကို၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာ သက်သက်ခိုင်နှင့် ဒေါက်တာ ဌေးအောင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဒေါ်သန်း သန်းလင်း၊ ဦးသန်းအောင်ကျော်၊ ဦးစန်းလွင်၊ ဦးအေးထွန်း၊ ဒေါက်တာဇော်မြင့်၊ ဦးမျိုးလှိုင်၊ ဦးဇော်အေးမောင်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ လက်ဝှေ့ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် အားကစား ဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
ယှဉ်ပြိုင်အနိုင်ရရှိ
ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များ အဖြစ် အမျိုးသား (၅၂)ကီလိုတန်း ပြိုင်ပွဲတွင် လမင်းကိုကို (ရန်ကုန် တိုင်း) က အေးကိုဇင် (ကရင် ပြည်နယ်) ကို လည်းကောင်း၊ အမျိုးသား (၆၄) ကီလိုတန်း ပြိုင်ပွဲတွင် အောင်စိုးမိုး (မန္တလေး တိုင်း)က ဇွဲဝေလျှံဖြိုး(နေပြည်တော်) ကိုလည်းကောင်း၊ အမျိုးသား (၆၉) ကီလိုတန်းပြိုင်ပွဲတွင် ကျော်စွာထွန်း(မန္တလေးတိုင်း)က သက်ဝေ (ကရင်ပြည်နယ်) ကို လည်းကောင်း၊ အမျိုးသား (၇၅)ကီလိုတန်းပြိုင်ပွဲတွင် အောင်သူ (မန္တလေးတိုင်း) က စောဂလယ် ထွန့် (ကရင်ပြည်နယ်) ကို လည်းကောင်း၊ အမျိုးသမီး (၄၅)ကီလိုတန်းပြိုင်ပွဲတွင် မြင့်ရတနာစံ (တနင်္သာရီတိုင်း)က ထန်နွမ်းကိမ် (မန္တလေးတိုင်း) ကို လည်းကောင်း၊ အမျိုးသမီး (၄၈)ကီလိုတန်းပြိုင်ပွဲ တွင် သင်းသင်းခိုင် (မကွေးတိုင်း)က ပန်းအိဖြူ (စစ်ကိုင်းတိုင်း) ကိုလည်းကောင်း၊ အမျိုးသမီး (၅၇) ကီလိုတန်းပြိုင်ပွဲတွင် ထက်ထက်ဝင်း (တနင်္သာရီတိုင်း)က ပြည့်ပြည့်ဝင်း(စစ်ကိုင်းတိုင်း) ကိုလည်းကောင်း၊ အမျိုးသမီး (၆၀) ကီလိုတန်းပြိုင်ပွဲတွင် မူစိန်မြ (ရှမ်းပြည်နယ်) က နှင်းသီရိစံ (မွန်ပြည်နယ်) ကို လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိ ခဲ့ကြသည်။
ပေးအပ်ချီးမြှင့်
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ အမျိုးသား (၅၂)ကီလိုတန်းပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့် ပူးတွဲ တတိယဆု ရရှိကြသူများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က လည်းကောင်း၊ အမျိုးသား (၆၄)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိ ကြသူများကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စု ဝန်ကြီး ဦးချစ်နိုင်က လည်းကောင်း၊ အမျိုးသား (၆၉)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိ ကြသူများကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က လည်းကောင်း၊ အမျိုးသား (၇၅) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လည်းကောင်း၊ အမျိုးသမီး (၄၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိ ကြသူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က လည်းကောင်း၊ အမျိုးသမီး (၄၈) ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက လည်းကောင်း၊ အမျိုးသမီး(၅၇)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိ ကြသူများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက လည်းကောင်း၊ အမျိုးသမီး(၆၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိ ကြသူများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
တံခွန်စိုက်ဒိုင်းဆုများပေးအပ်
ဆက်လက်၍ အမျိုးသား အကောင်းဆုံး အားကစားသမား ဆုနှင့် အမျိုးသမီးအကောင်းဆုံး အားကစားသမားဆု ရရှိသွားသည့် ရှိုင်းငယ် (ရှမ်းပြည်နယ်) နှင့် သင်းသင်းခိုင် (မကွေးတိုင်း)တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က ဆုဖလားနှင့် ငွေသားဆု ငွေကျပ် တစ်သိန်းစီကို လည်းကောင်း၊ ရွှေတံဆိပ်သုံးခုဖြင့် အမျိုးသမီး တံခွန်စိုက်ဒိုင်းဆု ရရှိသွားသည့် တနင်္သာရီတိုင်းဒေသကြီး အသင်း ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်းဟာက လည်းကောင်း၊ ရွှေတံဆိပ်ငါးခု၊ ကြေးတံဆိပ်တစ်ခုဖြင့် အမျိုးသား တံခွန်စိုက်ဒိုင်းဆု ရရှိသွားသည့် မန္တလေးတိုင်းဒေသကြီး အသင်း ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် က လည်းကောင်း၊ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်တစ်ခု နှင့် ကြေးတံဆိပ်နှစ်ခုတို့ဖြင့် စုပေါင်းတံခွန်စိုက် ဒိုင်းဆုရရှိသွား သည့် မန္တလေးတိုင်းဒေသကြီး အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် ကလည်းကောင်း တံခွန်စိုက်ဒိုင်း ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်