နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့  NDAA (မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

 

 

နေပြည်တော်     ဇွန်   ၆
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့         NDAA (မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ  ဒုတိယနေ့ကို    ယနေ့ နံနက်ပိုင်းတွင်   နေပြည်တော်ရှိ   အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
တွေ့ဆုံဆွေးနွေးပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊       ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊   အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊   ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်    ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီအဖွဲ့ဝင်     ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနောင်နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့  NDAA   (မိုင်းလား)    ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အတွင်းရေးမှူး(၂) ဦးအားလူ၊ အတွင်းရေးမှူး အဖွဲ့ဝင် နှင့်     ဆက်ဆံရေးနှင့်   ဆက်သွယ်ရေးဌာနကြီးမှူး ဦးစိုင်းမောက်တို့ တက်ရောက်ကြသည်။ 
အတည်ပြုလက်မှတ်ရေးထိုး
ဒုတိယနေ့   တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများကို  နှစ်ဖက်ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး   ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃)ပါ သဘောတူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊     အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန်  ကျန်ရှိသည့်   ဇယား-၂   ပါ ဆွေးနွေးရန်အချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ  လေ့လာဆန်းစစ် ဖော်ထုတ်စိစစ်ရေးအဖွဲ့၏     တွေ့ရှိချက်များကို လည်းကောင်း     ညှိနှိုင်းရေးကော်မတီဝင်   ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က  ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် သုံးရက်တာ  ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို       အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြသည်။ 
လက်ဆောင်ပစ္စည်းများပေးအပ်
ယင်းနောက်        အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)     ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်   ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ဝေသည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့     ဂုဏ်ပြုအခမ်းအနားစာအုပ်၊ မှတ်တမ်းစာအုပ်များ၊ ခေတ်နှင့်အညီ ပြန်လည်ပြုစု ထားသည့်    မြန်မာ့စွယ်စုံကျမ်း   (အတွဲ-၁)  တို့နှင့် လက်ဆောင်ပစ္စည်းများ     ပေးအပ်ခဲ့ကြောင်း    သိရှိရ သည်။                       သတင်းစဉ်