
နက်ပကျွန်းဂြိုဟ်နဲ့ ယူရေးနပ်စ်ဂြိုဟ် တို့ဟာ များသောအားဖြင့် တူညီကြပါ တယ်။ ၎င်းတို့မှာ တူညီတဲ့ ဒြပ်ထု၊ အရွယ် အစားနဲ့ လေထုအဖွဲ့အစည်းတို့ ရှိတယ် ဆိုပေမယ့် ပုံပန်းအသွင်အပြင်က သိသိ သာသာ ကွဲပြားနေတယ်လို့ ဆိုပါ တယ်။
နက်ပကျွန်းဂြိုဟ်မှာ သိသာထင်ရှား တဲ့ အပြာရောင်ရှိပြီး ယူရေးနပ်စ်ဂြိုဟ် မှာတော့ စိမ်းပြာရောင်ဖျော့ဖျော့ ရှိတယ် လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ နက္ခတ္တဗေဒပညာရှင်များက အဆိုပါ ဂြိုဟ်နှစ်လုံးဟာ ဘာကြောင့်အရောင် ကွဲပြားနေရတာလဲဆိုတာနဲ့ ပတ်သက်ပြီး သုတေသနပြု ရှင်းလင်းချက်တစ်ခု ရှိကြောင်း ပြောပါတယ်။
ဂြိုဟ်နှစ်လုံးမှာ စုစည်းထားတဲ့ မြူမှုန်အလွှာတစ်ခုရှိပြီး ယူရေးနပ်စ်ဂြိုဟ် ပေါ်မှာ နက်ပကျွန်းဂြိုဟ်ပေါ်ရှိတဲ့ တူညီတဲ့အလွှာထက် ပိုထူကြောင်း၊ ဒါ့အပြင် ယူရေးနပ်စ်ဂြိုဟ်ရဲ့ ပုံပန်း သွင်ပြင်က နက်ပကျွန်းဂြိုဟ်ရဲ့ ပုံပန်း သွင်ပြင်ထက် ပိုဖြူတယ်လို့ သုတေသန ပြုမှုအသစ်မှာ ဖော်ပြထားပါတယ်။
အောက်စဖို့ဒ်တက္ကသိုလ် ဂြိုဟ်ဆိုင်ရာ ရူပဗေဒဌာနမှ ပါမောက္ခ ပက်ထရစ် အီဝင် ဦးဆောင်တဲ့ နိုင်ငံတကာအဖွဲ့ရဲ့ ကောက်ချက်အရ နက်ပကျွန်းဂြိုဟ်နဲ့ ယူရေးနပ်စ်ဂြိုဟ်တို့ရဲ့ လေထုထဲမှာ မြူမှုန်သာ ရှိမနေခဲ့ဘူးဆိုရင် အဆိုပါ ဂြိုဟ်နှစ်လုံးဟာ တူညီတဲ့အပြာရောင် သာ ပေါ်ထွက်လာနိုင်တယ်လို့ သိရ ပါတယ်။
နက်ပကျွန်းဂြိုဟ်တွင် အခါအား လျော်စွာ အမည်းစက်များကို မြင်တွေ့ ရနိုင်သော်လည်း ယူရေးနပ်စ်ဂြိုဟ်၌ အများအားဖြင့် တွေ့ရလေ့မရှိကြောင်း သိရသည်။ နက္ခတ္တဗေဒပညာရှင်များ သည် အဆိုပါ ဂြိုဟ်နှစ်လုံး၏ လေထု ထဲတွင် အမည်းစက်များရှိနေသည်ကို သိရှိထားပြီးဖြစ်သော်လည်း မည်သည့် လေထုအလွှာကြောင့် အမည်းစက်များ ဖြစ်ပေါ်ခြင်းကို မသိရှိခဲ့ပေ။
ကိုးကား - www.scitechdaily.com
ကောင်းထက်