
ထူးလင်းမိုး
နည်းပညာ တိုးတက်ထွန်းကာလာတဲ့ ခေတ်မှာ သိပ္ပံညာရှင်တွေဟာ ကမ္ဘာကြီး နဲ့ လိုက်လျောညီထွေရှိစေမယ့် နည်း ပညာရပ်တွေကို သူ့ထက်ငါ ကောင်း သထက်ကောင်းအောင် ကြံဆ တီထွင် ထုတ်လုပ်လာကြပါတယ်။ အဲဒီလိုမျိုး ကြံဆ တီထွင်ထုတ်လုပ်တဲ့အထဲမှာ လျှပ်စစ်ကားတွေလည်း အပါအဝင် ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ စက်မှုလုပ်ငန်းတွေ တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာတဲ့ အတွက် ကောင်းမွန်တဲ့ အသီးအပွင့်တွေ ကို ခံစားရသလို အဲဒီကထွက်ပေါ်လာတဲ့ မကောင်းတဲ့အကျိုးဆက်တွေဟာလည်း မနောမနည်းပါပဲ။ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်သလို လေထု ညစ်ညမ်းမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် အခုဆိုရင် တချို့စက်မှုထိပ်သီး နိုင်ငံတွေဟာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို ရည်မှန်းချက်ထားပြီး လျှော့ချလာနေတာ မျက်မြင်ပါပဲ။
ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ် မှုတွေကို လျှော့ချတဲ့ နည်းလမ်းပေါင်းစုံ ရှိတဲ့အနက် လျှပ်စစ်ကား တီထွင် ထုတ်လုပ်မှုဟာလည်း တစ်ခုအပါအဝင် ဖြစ်သလို အဲဒီနည်းစနစ်ဟာ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ကောင်းစွာအကျိုး ပြုပါတယ်။
လေထုညစ်ညမ်းမှုလျော့ကျ
လျှပ်စစ်ကားတီထွင်ထုတ်လုပ်လာ တဲ့အတွက် မြို့ကြီးတွေရဲ့ လေထုအရည် အသွေးကို တိုးတက်ကောင်းမွန်စေပါ တယ်။ အိပ်ဇောပိုက်မပါတဲ့လျှပ်စစ်ကားတွေဟာ ကားမောင်းတဲ့အခါ ကာဗွန်ဒိုင် အောက်ဆိုက်ကို ထုတ်ပေးမှာမဟုတ်ပါ ဘူး။ ဒီလို ကာဗွန်ဒိုင်အောက်ဆိုက်မထုတ် ပေးတဲ့အတွက် လေထုညစ်ညမ်းမှုကို လျော့ကျစေပါတယ်။
အရိုးရှင်းဆုံးပြောရမယ်ဆိုရင် လျှပ်စစ် ကားတွေဟာ ကျွန်တော်တို့တွေအတွက် သန့်ရှင်းတဲ့လမ်းမကြီးတွေ ဖြစ်ပေါ်စေ ကာ ထိုမှတစ်ဆင့် သန့်ရှင်းတဲ့မြို့ပြတွေ ဖြစ်လာပြီး လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးစီးနင်းသူတွေအတွက် အကောင်း ဆုံးနေရာတွေ ဖြစ်လာစေပါတယ်။
တစ်နှစ်ကျော် ကာလအတွင်းမှာ လျှပ်စစ်ကားတစ်စီးဟာ ပျမ်းမျှအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် ၁ ဒသမ ၅ သန်း ဂရမ်ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ လန်ဒန်ကနေ ဘာစီလိုနာကို လေယာဉ် လေးခေါက်ပျံသန်းတဲ့ပမာဏ နဲ့ ညီမျှပါတယ်။
အင်္ဂလန်နိုင်ငံမှာဆိုရင် လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို သုည အဆင့်ထိလျှော့ချ ပြီးလုပ်ဆောင်ဖို့ ကြိုးစားဆောင်ရွက်နေ ပါပြီ။ အဲဒီလိုအချိန်မှာ လျှပ်စစ်ကားတွေ ရဲ့ အသုံးဝင်မှုဟာ အံ့မခန်းဖြစ်လာမှာ ဖြစ်ပါတယ်။
လျှပ်စစ်ကားတွေဟာ ကျွန်တော်တို့ပုံမှန်အသုံးပြုနေကျ ကားတွေထက် ဆူညံမှုပိုပြီးနည်းပါးလှတဲ့အတွက် ပိုပြီး အေးချမ်းတိတ်ဆိတ်တဲ့ မြို့ပြပတ်ဝန်း ကျင်ကို ဖန်တီးဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။
သဘာဝအတွက် အကောင်းဆုံး
လျှပ်စစ်ကားတွေကို ဖန်တီး ထုတ်လုပ်တဲ့နေရာမှာ စွမ်းအင်အတော် များများ အသုံးပြုရပါတယ်။ ဘက်ထရီ ထုတ်လုပ်မှုကို ထည့်သွင်းစဉ်းစားရင် တောင် လျှပ်စစ်ကားတွေဟာ သဘာဝ ပတ်ဝန်းကျင်အတွက် အကောင်းဆုံး ရွေးချယ်မှုအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
လျှပ်စစ်ကားတစ်စီးရဲ့ ကာဗွန် ထုတ်လွှတ်မှုဟာ ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ကားတစ်စီးထက် ၁၇ - ၃၀ ရာခိုင်နှုန်းအောက် လျော့နည်းပါတယ်။ လျှပ်စစ်ကားတွေဟာ သုံးစွဲသူတွေ အတွက် ပတ်ဝန်းကျင်ထိခိုက်မှု အနည်း ဆုံး ဖြစ်စေပါတယ်။ ဒီလိုအခြေအနေ တွေကြောင့် လျှပ်စစ်ကားတွေဟာ သယ်ယူပို့ဆောင်ရေးမှာ ပိုပြီးအသုံးဝင် လာတော့မှာပဲ ဖြစ်ပါတယ်။ ။
ကိုးကား - www.cars.com
www.edfenergy.com