၁-၆-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊   သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို   ၂၀၂၂   ခုနှစ်၊    ဇွန် ၁ ရက်    မွန်းလွဲ ၁ နာရီ တွင်   ပြန်ကြားရေးဝန်ကြီးဌာန၌  ကျင်းပပြုလုပ်ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်း၊            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့်  ဌာနဆိုင်ရာ   သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏  သိရှိလိုသည့်  မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

 

(ယမန်နေ့မှ အဆက်)


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ   ၃၆၆ (က၊ ခ)တွင် “နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော  ပညာရေးဆိုင်ရာမူဝါဒများနှင့် အညီ  ပညာသင်ကြားပိုင်ခွင့်ရှိသည်” ၊  “ဥပဒေဖြင့် ပြဋ္ဌာန်းထားသည့် မသင်မနေရ အခြေခံပညာများ ကို သင်ကြားရမည်” ဟုပါရှိပါကြောင်း၊ နိုင်ငံတော် အပိုင်းက ကလေးများအားလုံး အခမဲ့ပညာရေးစနစ် ဖြင့် ပညာသင်ယူခွင့်ရအောင် ဆောင်ရွက်ထားပါ ကြောင်း၊ ကျောင်းသားတစ်ဦးလျှင်  ပြဋ္ဌာန်းစာအုပ် တစ်စုံ၊  ဗလာစာအုပ်တစ်ဒါဇင်၊  ခဲတံ၊  ဘောပင် တို့ကို အခမဲ့ပေးအပ်လျက်ရှိပါကြောင်း၊ မူလတန်း ကလေးငယ်များကို   ကျောင်းဝတ်စုံပါ    အခမဲ့ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ယနေ့ကျောင်းသား လူငယ်များကို ပညာတတ်မြောက်စေပြီး အနာဂတ် နိုင်ငံတော်ကို ဦးဆောင်မည့် နိုင်ငံခေါင်းဆောင်ကောင်း များ ဖြစ်စေလိုပါကြောင်း၊ ၎င်းတို့၏ရပိုင်ခွင့်ဖြစ်သည့် ပညာသင်ယူမှုကို မည်သူ့ကြောင့်မျှ မဆုံးရှုံးစေလိုပါ ကြောင်း၊ ပညာသင်ကြားခြင်းသည် အစိုးရဆိုသည် ထက် ကျောင်းသား/မိဘများ ကိုယ်တိုင်နှင့် သက်ဆိုင် ပါကြောင်း၊ ပညာမသင်ကြားပါက ကျောင်းသားများ ကိုယ်တိုင်နစ်နာမှုရှိသကဲ့သို့   နိုင်ငံတော်အတွက် လည်း နစ်နာပါကြောင်း၊  ထို့ကြောင့် စာသင်ကျောင်း များဖွင့်လှစ်ခြင်းသည်  အစိုးရအတွက်   မဟုတ်ပါ ကြောင်း၊ ယင်းကို အကြမ်းဖက်အဖွဲ့များက နည်းလမ်း ပေါင်းစုံနှင့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင် လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအပေါ် ခြိမ်းခြောက်ခြင်း၊ အကျပ် ကိုင်ခြင်း၊ စာသင်ကျောင်းများ မီးရှို့ခြင်း၊ ကန့်ကွက် စာများ  ရေးသားခြင်း၊   ကျောင်းသုံးပုံနှိပ်စာအုပ် များ  ဖြန့်ဝေမှုအပေါ်တွင်   တားဆီးနှောင့်ယှက်ခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ပါကြောင်း၊  ကျောင်းသုံးပုံနှိပ်စာအုပ် များ ဖြန့်ဝေရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အကြမ်းဖက်အဖွဲ့များက ကျောင်းသုံးဖတ်စာအုပ်များ ကို မီးရှို့ဖျက်ဆီးခြင်းနှင့် ယူဆောင်ခြင်းများ ပြုလုပ် ခဲ့ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ထိုဖြစ်စဉ် ပေါင်း ၂၄ ကြိမ်ပြုလုပ်ခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် ကာလ တန်ဖိုး ၅၉၄ သိန်းကျော် ဆုံးရှုံးခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃  ပညာသင်နှစ်တွင်   အသုံးပြုရန်အတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များ ကို အကြမ်းဖက်သမားများအနေဖြင့် မေ ၂၄ ရက် တွင်  တနင်္သာရီတိုင်းဒေသကြီး  သရက်ချောင်း မြို့နယ်အနီးတွင်    ကျောင်းသုံးပုံနှိပ်စာအုပ်များ သယ်ဆောင်လာသည့် ၁၂ ဘီးယာဉ် နှစ်စီးအပေါ်မှ ဆာလာအိတ် ၄၈ အိတ်ကို  လမ်းဘေးချ၍   မီးရှို့ ဖျက်ဆီးခဲ့ပါကြောင်း၊ ယုတ်မာရိုင်းစိုင်း အောက်တန်း ကျသည့် လုပ်ရပ်ဖြစ်ပါကြောင်း၊  မီးရှို့ဖျက်ဆီးနေ သည့်ပုံများကို  မိမိတို့နိုင်ငံအပေါ်  အမြဲတမ်းစွပ်စွဲ နေသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံများကို မမြင်ဘူးလားဟု မေးလိုပါကြောင်း၊ အကုန်မြင်ပါ ကြောင်း၊ မမြင်ချင်ယောင်ဆောင်နေခြင်းသာဖြစ်ပါကြောင်း၊  တိုင်းပြည်၏အနာဂတ်ကို  ဖျက်ဆီး နေခြင်း ဖြစ်ပါကြောင်း။

 


ပုံနှိပ်စာအုပ်  ၄၇၀၀  ကို   လုယက်


ထို့အပြင် မေ ၂၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသ ကြီး မော်လိုက်ခရိုင် ပညာရေးမှူးရုံးက ဖောင်းပြင် မြို့နယ် ပညာရေးမှူးရုံးကို ကျောင်းသုံးဗလာစာအုပ် များနှင့် ပုံနှိပ်စာအုပ်များပါဝင်သည့် ပီနံအိတ်နှင့် စက္ကူဂျပ်ဖာတို့အား မော်လိုက်-ဖောင်းပြင် ကုန်တင် ရေယာဉ်နှင့် ပို့ဆောင်ပေးခဲ့ပါကြောင်း၊ ယင်းရေယာဉ် ကို  မော်လိုက်မြို့နယ်   ယုဝကျေးရွာအနီးတွင် အကြမ်းဖက်အဖွဲ့များက ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၁၀၀၀ ၊ Grade-11 သင်ရိုးအတွက် စာရိတ္တနှင့် ပြည်သူ့နီတိပုံနှိပ်စာအုပ် ၂၅၀၀ အပါအဝင် စုစုပေါင်း ပုံနှိပ်စာအုပ်  ၄၇၀၀  ကို   လုယက်ယူဆောင်ပြီး ရေယာဉ်ကို ဆက်လက် ထွက်ခွာသွားစေခဲ့ပါကြောင်း၊ မြေပြင်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ ဖြစ် ကြောင်း၊  ထို့အပြင်   စစ်ကိုင်းတိုင်းမြောက်ပိုင်း မော်လိုက်၊ ခန္တီးဒေသကိုပို့ရမည့် ပုံနှိပ်စာအုပ်များ ပါသည့် စက်လှေကို PDF  များက  ဖမ်းဆီးမီးရှို့ရန် လုပ်ဆောင်ပါကြောင်း၊ တာဝန်ခံကငွေ ၁၀ သိန်းပေး မှသာ  ပြန်လွှတ်ပေးခဲ့သည့်    ဖြစ်စဉ်လည်းရှိပါ ကြောင်း၊ ပညာရေးနှင့်ပတ်သက်ပြီး  ကျောင်းသုံး စာအုပ်များကို မိမိတို့  ပို့ပါကြောင်း၊  ကျောင်းသုံး စာအုပ်နှင့်ပတ်သက်ပြီး အခွန်ကောက်ပါကြောင်း၊ ယင်းပြေစာဖြတ်ပိုင်းကို  ကြည့်စေလိုပါကြောင်း၊ ပြေစာဖြတ်ပိုင်းကို ဘုတ်တွင် ကပ်ထားပါကြောင်း၊ နာမည်ထုတ်မပြောလိုပါကြောင်း၊ မည်သည့်အဖွဲ့ အစည်းက မည်သို့လုပ်သည်ကို   မျက်မြင်သက်သေ ဖြစ်ပါကြောင်း။

 


အကြမ်းဖက်တိုက်ခိုက်မှုများ


ကျောင်းဖွင့်ရန်ပြင်ဆင်ချိန်ကာလဖြစ်သည့် မေ ၁၁ ရက် ည ၁၀ နာရီတွင်  စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်  တုန်းပေါကျေးရွာ   အခြေခံပညာ အလယ်တန်းကျောင်း မီးရှို့ဖျက်ဆီးခံရမှု၊ မေ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ထားဝယ်မြို့  အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း   လက်လုပ်မိုင်း ဖြင့် ဖောက်ခွဲခံရမှု၊ မေ ၂၉ ရက် နံနက် ၁ နာရီတွင် ကလေးမြို့ အမှတ်(၈) အခြေခံပညာ အထက်တန်း ကျောင်း မီးရှို့ခံရမှုဖြစ်ပြီး ကျောင်းဆောင်အားလုံး မည်သို့မျှ သုံးစွဲမှုမရသည့်ပုံကို တွေ့မြင်နိုင်မည်ဖြစ် ကြောင်း၊ မေ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် ရှမ်း ပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့  မြို့နယ်ပညာ ရေးမှူးရုံး နှစ်ထပ်ကျောင်းဆောင် အစည်းအဝေး ခန်းမတွင် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/ ဆရာမများ ပညာရေးအစည်းအဝေးပြုလုပ်နေစဉ် ရီမုမိုင်းဖြင့်      မိုင်းထောင်ဖောက်ခွဲမှုကြောင့် လက်ထောက်မြို့နယ်ပညာရေးမှူး    အပါအဝင် ကျောင်းအုပ် ဆရာ/ ဆရာမ၊  အရပ်သားဝန်ထမ်း ခုနစ်ဦး  ထိခိုက်ဒဏ်ရာရကာ   တစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်များ ဖြစ်ခဲ့ပါကြောင်း၊ ထိခိုက်ဒဏ်ရာရ သေဆုံး ခဲ့သည့် ပညာရေးဝန်ထမ်းနှင့်ပတ်သက်ပြီး မိမိတို့ အစိုးရအနေဖြင့် မိသားစုနှင့်  ထပ်တူဝမ်းနည်းရပါ ကြောင်း၊ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 


ထို့နောက် နောင်ချိုတွင် ဖြစ်ပျက်ခဲ့သည့်ဖြစ်စဉ် နှင့်ပတ်သက်ပြီး  မြန်မာနိုင်ငံတွင်ရှိသည့်  အဖွဲ့ အစည်း အသီးသီးမှ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ထားပါကြောင်း၊  မည်မျှအထိ   ယုတ်မာ ရိုင်းစိုင်းသည်ကို     တွေ့နိုင်မည်ဖြစ်ကြောင်း၊  တပ်မတော်ကို  လက်ညှိုးထိုးနေသည့်   နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ အနေဖြင့် မည်သည့်အသံမျှထွက်မလာပါကြောင်း၊ နိုင်ငံတကာမှ ထောက်ပံ့နေသည့် ငွေများ၊ အလှူခံ ရရှိခဲ့သည့် ငွေများသည် မိမိမေးလိုသည်မှာ ဆရာ/ဆရာမများကို သတ်ရန်အတွက်လား။ ကျောင်းသား/ ကျောင်းသူများ၏  အနာဂတ်ဖြစ်သည့်   ပြဋ္ဌာန်း စာအုပ်များ၊ ကျောင်းသား/ ကျောင်းသူများ၏ ပညာ ရေးကို အညွန့်ချိုးရန်အတွက်လား။ မိမိတို့ တစ်နိုင်ငံ လုံး ပညာမတတ်ဘဲ အခြားသူများ၏ အမြဲခိုင်းဖတ် ဖြစ်စေလိုခြင်းကြောင့် ပုံသွင်းနေသလားဟု စဉ်စား ရမည်ဖြစ်ကြောင်း၊ ယင်းတို့  ထောက်ပံ့နေသည့် ငွေကြေး/ အထောက်အပံ့များသည် မြန်မာတစ်နိုင်ငံ လုံးတွင်ရှိသည့် ကျောင်းသားများ/ ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ပြည်သူလူထု၏  အနာဂတ်ကို ဖျက်ဆီးနေသည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ ထောက်ပံ့နေသည့်နိုင်ငံများ၊  ထောက်ပံ့နေသည့် လူများ  သိစေရန် ယခု  သတင်းစာရှင်းလင်းပွဲတွင် မိမိပြောကြားလိုပါကြောင်း၊ ယခု  ပြောကြားချက် များကို ယနေ့ တက်ရောက်လာသည့် မီဒီယာများက ပြန်လည်ပြီး လက်ဆင့်ကမ်းပေးစေလိုပါကြောင်း၊ မိမိတို့အစိုးရအတွက် လုပ်နေခြင်းမဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက်  လုပ်နေခြင်းဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများအတွက် လုပ်နေခြင်းဖြစ် ကြောင်း၊ ပြည်သူလူထုအတွက် ဖြစ်ပါကြောင်း၊ အစိုးရ ၏အနာဂတ်  မဟုတ်ပါကြောင်း၊   မီဒီယာတို့၏ သားသမီးများ အနာဂတ်၊ မိမိတို့ သားသမီးများ၏ အနာဂတ်၊ ပြည်သူလူထုတစ်ရပ်လုံး၏ သားသမီး များ အနာဂတ်ဖြစ်သဖြင့်  မိမိ   မေတ္တာရပ်ခံလိုပါကြောင်း။ 

 


နောင်ချိုကိစ္စနှင့်ပတ်သက်၍ ဆက်စပ်မှု


ဆက်လက်၍  နောင်ချိုကိစ္စနှင့်   ပတ်သက်၍ ဆက်စပ်မှုတစ်ခု မိမိပြောလိုပါကြောင်း၊ သတိပြုမိ သည်မှာ ရွေးကောက်ပွဲပြီးစဉ်အခါက ထိုနေရာတွင် ရှိသည့် NLD လွှတ်တော်အမတ်တစ်ဦး အသတ်ခံရ ကြောင်း၊ နောင်ချိုသည်  UEC  ၏   မဲဆန္ဒနယ်အရ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်  မဲဆန္ဒနယ် အမှတ် (၁) တွင် ပါဝင်ပါကြောင်း၊ ကျောက်မဲခရိုင်နှင့် မိုးမိတ်ခရိုင် ပါဝင်ပါကြောင်း၊ ကျောက်မဲခရိုင်တွင် ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နောင်ချိုပါဝင်ပါကြောင်း၊ SNLD   ပါတီက   အားကောင်းသည့်   နေရာဖြစ်ပါ ကြောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD ) ပါတီက မဲရုံတွင်ရေတွက်ပြီး ရရှိခဲ့သည့် မဲပေါင်း ၉၉၃၁၁ မဲဖြစ်ပြီး NLD ပါတီက ရရှိသည် မှာ ၉၁၄၂၃ မဲဖြစ်ပါကြောင်း၊ မဲရုံတွင်ရရှိခဲ့သည့် မဲပေါင်း ၈၀၀၀ ကျော်ကို SNLD လွှတ်တော်အမတ်က နိုင်နေပြီးဖြစ်ကြောင်း၊ သို့သော် မဲရုံပိတ်ခါနီးတွင် ကြိုတင်မဲများရောက်လာပြီး ထိုအချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရရှိခဲ့သည့် မဲပေါင်း ၁၈၀၆၈ မဲဖြစ်ကြောင်း၊ ကြိုတင်မဲတွင် SNLD ပါတီကရသည့် မဲသည် ၁၀၁၂၆ မဲဖြစ်ပြီး NLD ပါတီက ၄၄ မဲအသာ ဖြင့် လွှတ်တော်အမတ်ဖြစ်သွားခဲ့ကြောင်း။

 


နိုဝင်ဘာလတွင်  NLD  ပါတီမှ   လွှတ်တော် အမတ် ဦးထိုက်ဇော် အသတ်ခံလိုက်ရကြောင်း၊ ထို အချိန်က SNLD ပါတီက ကြိုတင်မဲများကို ကန့်ကွက် ခဲ့ကြောင်း၊ ကျောက်မဲခရိုင် UEC က ၎င်းတို့နှင့် မဆိုင်ပါကြောင်း၊  မေးလိုပါက  မိုးမိတ်ကို SNLD ပါတီက ကိုယ်တိုင်သွားမေးဟု ပြောခဲ့ပါကြောင်း၊ မိမိပြောလိုသည်မှာ ထိုနယ် တစ်နယ်လုံးတွင် အဓိက ထိုကိစ္စများဖြစ်ပေါ်ရန်  လှုံ့ဆော်ပေးသည့်သူ  ရှိပါ ကြောင်း၊ မဲမသမာမှုဖြစ်စေရန် ဦးဆောင်လှုံ့ဆော်သူ ရှိကြောင်း၊  ပွင့်ပွင့်လင်းလင်းပြောရမည်   ဆိုပါက NLD ပါတီကဖြစ်ကြောင်း၊ ယခုအခါ ၎င်းကိုယ်တိုင် မရှိပါကြောင်း၊ ပြည်ပထွက်ခွာ/တောခိုသည့် အထဲ တွင်ပါသွားပြီဖြစ်ကြောင်း၊ ထိုသို့ဖြစ်ခဲ့သည့် နယ်မြေ ဖြစ်ကြောင်း၊ ယခုအချိန်တွင်လည်း ထပ်မံဖြစ်ပွား ခြင်းဖြစ်ကြောင်း၊ နောင်ချိုမြို့ ဗုံးပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ခဲ့သည့် အဖြစ်အပျက်သည် မိမိပြောသည့်လူ၏ လက်ချက်မကင်းဟု သံသယဖြစ်ဖွယ်ဖြစ်ပါကြောင်း၊ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ဆောင် ရွက်လျက်ရှိပါကြောင်း။ 

 


ကလေးများ အနာဂတ်ကို ပြန်ကြည့်ရန်လို


၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ၂၀၂၂ ခုနှစ် မေ ၁၇ ရက်မှ မေ ၂၆ ရက်အထိ ကျောင်းမီးရှို့ ဖျက်ဆီးခံရမှု သုံးကြိမ်  ဖြစ်ပွားခဲ့ပါကြောင်း၊  ဗုံးဖောက်ခွဲခံရမှု တစ်ကြိမ် ရှိခဲ့ပါကြောင်း၊ ယခင်စာရင်းများဖြင့် တွက် မည်ဆိုပါက အကြမ်းဖက်မှုများကြောင့် သေဆုံးသူ ၄၀၊ ဒဏ်ရာရရှိသူ ၁၄ ဦး၊ ပျောက်ဆုံးခဲ့သူ   ၁၁   ဦး စုစုပေါင်း ၆၅ ဦးအထိရှိခဲ့ကြောင်း၊ အကြမ်းဖက်သမား များအနေဖြင့် ယင်းကိစ္စများ  လုပ်ဆောင်နေခြင်းမှာ ကျောင်းသား/ကျောင်းသူများ ၎င်းတို့ကဲ့သို့ လမ်းမှား ပေါ်ရောက်အောင်   တွန်းပို့နေခြင်းဖြစ်ကြောင်း၊ ထို့အပြင် အားပေးအားမြှောက် လုပ်နေသည့်အဖွဲ့ အစည်းများအနေဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ ကလေးများ အနာဂတ်ကို ပြန်ကြည့်ရန်လိုကြောင်း မိမိအနေဖြင့် ပြောလိုပါကြောင်း၊ မိမိတို့အစိုးရအနေ ဖြင့် ကျောင်းသား/ကျောင်းသူအားလုံး ပညာသင်ကြား နိုင်ရေးအတွက်  အစွမ်းကုန်   ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လုံခြုံမှုရှိစေရေးအတွက်လည်း ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်ရိုးသစ်ဖြင့် သင်ကြားပေးမည့် အတန်းများအနေဖြင့်   Grade-5၊  Grade-8 ၊ Grade-11 တို့ကို  သင်ကြားပေးမည်ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ  လုံခြုံစွာ ပညာသင် ကြားနိုင်ရေး မိမိတို့တိုင်းပြည်၏ အနာဂတ်လူငယ်/လူရွယ်များ ပညာတတ်မြောက်စေရေး မိမိတို့ အစိုးရ အနေဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်မည်ဖြစ်ပြီး တာဝန်ရှိသူများ၊ ပြည်သူလူထုအားလုံး ဝိုင်းဝန်း ကူညီစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။ 

 


ဥပဒေနှင့်အညီ ကွင်းဆင်းစစ်ဆေးခဲ့


ထို့နောက်        ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က ယခု သတင်းစာ ရှင်းလင်းပွဲတွင်  ရှင်းလင်းတင်ပြမည့်   အကြောင်း အရာများအနေဖြင့်  (က)၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊
မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသူများကို    အရေးယူ ဆောင်ရွက်မှုအခြေအနေ၊   (ခ)  အခြေခံမဲဆန္ဒရှင်   စာရင်းပြုစုခြင်း၊ နိုင်ငံရေးပါတီများ  စစ်ဆေးခြင်း အပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့်   လုပ်ငန်းစဉ်များ   ဖြစ်ပါ ကြောင်း၊ ရွေးကောက်ပွဲတစ်ခု၏  စံနှုန်းကို   လွတ်လပ် ပြီး တရားမျှတမှုရှိ/မရှိ၊ Free and fair ဖြစ်/မဖြစ်ဆို သည့်  ပေတံနှင့်   တိုင်းတာကြပါကြောင်း၊   ထိုသို့ တိုင်းတာသုံးသပ်ရာတွင်လည်း ရွေးကောက်ပွဲ ကျင်းပ သည့် နေ့တစ်နေ့တည်း၏ ဖြစ်စဉ်ကိုသုံးသပ်ရုံနှင့် မလုံလောက်ဘဲ  Election  Circle   ဟုခေါ်သည့် ရွေးကောက်ပွဲစက်ဝန်းပါ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့်   ရွေးကောက်ပွဲအလွန် ကာလများတွင် ဆောင်ရွက်ခဲ့သည့် အခြေအနေများ ကိုပါ လေ့လာသုံးသပ်မှ ပြည့်စုံမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ           ကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် (၁)နှင့်အညီ   မဲစာရင်းများ   စစ်ဆေးခြင်း၊ မဲလက်မှတ်များ စစ်ဆေးခြင်း၊ ကြိုတင်မဲပေးခြင်းနှင့် မဲပေးခဲ့မှုအခြေအနေများအပါအဝင် ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးကို ဥပဒေနှင့်အညီ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊  ထိုသို့ ဆောင်ရွက်ရာတွင်   ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ်အားလုံး၏ မဲဆန္ဒရှင်စာရင်းများကို စစ်ဆေး တွေ့ရှိချက်အရ မှားယွင်းပြီး မဲမသမာမှုဖြစ်စေသည့် မဲဆန္ဒရှင်စာရင်း ၁၁ ဒသမ ၃ သန်းကျော်၊ ဆန္ဒမဲ လက်မှတ်များကို မြေပြင်ဖွင့်ဖောက်စစ်ဆေးချက် အရ လျော့နည်းပျောက်ဆုံးသည့် ဆန္ဒမဲလက်မှတ် ၁ ဒသမ ၄ သန်းကျော်နှင့် တရားမဝင်  အပိုတွေ့ရှိ ရသည့် ဆန္ဒမဲလက်မှတ် ၄ ဒသမ ၃ သိန်းကျော်ကို တွေ့ရှိခဲ့ပါကြောင်း။

 


ဘက်လိုက်ဆောင်ရွက်ခဲ့


အလားတူ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အကြိုကာလ လုပ်ငန်းစဉ်များဖြစ်သည့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းရာတွင်  NLD   ပါတီ ခေါင်းဆောင်များဖြစ်သည့်   သက်ဆိုင်ရာ တိုင်း ဒေသကြီး / ပြည်နယ် ဝန်ကြီးချုပ်များ၏ အတည်ပြု စွက်ဖက်မှုဖြင့် NLD ပါတီဝင်များ၊ အမာခံများ ထည့် သွင်းဖွဲ့စည်းဆောင်ရွက်ခြင်းများ၊  ဥပဒေ၊  နည်း ဥပဒေများပြင်ဆင်ရာတွင် အာဏာရပါတီကို အခွင့် သာမည့် ပြင်ဆင်ချက်များ ထည့်သွင်းခြင်း၊ မဲစာရင်း ပြုစုရာတွင်လည်း   သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ   ခေါင်းဆောင်သည့်  မဲ စာရင်းများပြည့်စုံမှန်ကန်ရေးအဖွဲ့များ၏ စွက်ဖက် မှုများကြောင့် မဲစာရင်းများ ဖောင်းပွမှားယွင်းခြင်း များကို တွေ့ရမည်ဖြစ်ပါကြောင်း၊  ရွေးကောက်ပွဲလုပ်ငန်းစဉ်များဖြစ်သည့်   မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာတွင်လည်း NLD ပါတီသည် အုပ်ချုပ် ရေးအာဏာနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ် တားမြစ်ချက်များကို  အသုံးပြုပြီး   အသာစီးရယူ ဆောင်ရွက်ခြင်း၊ ပြိုင်ဘက်ပါတီများ၏   နိုင်ငံပိုင် မီဒီယာမှ  ဟောပြောချက်စာတမ်းများကို   ဖြတ် တောက်ဆင်ဆာပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊  နည်းဥပဒေများနှင့်   ကိုက်ညီမှုမရှိသည့် ညွှန်ကြားချက်အမျိုးမျိုး ထုတ်ပြန်ခြင်းဖြင့် အာဏာရ ပါတီအတွက် ဘက်လိုက်ဆောင်ရွက်ခဲ့ခြင်း တွေ့ရ ပါကြောင်း၊ ကြိုတင်မဲများ ကောက်ခံရာတွင်လည်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ မှန်ကန် မျှတမှုမရှိသည့် ဆန္ဒမဲကောက်ခံမှုများ ဖြစ်ပေါ်ခဲ့ပါ ကြောင်း၊ မဲစာရင်းတွင် မှတ်ပုံတင်မရှိသူများနှင့် စာရင်းနှစ်ကြိမ်ထပ်/သုံးကြိမ်ထပ်နေသူများ အများ အပြားပါရှိပြီး မည်သူမည်ဝါအဖြစ် အတည်မပြုနိုင် ဘဲ Voter Slip များ ကိုင်ဆောင်မဲပေးခွင့် ပြုခဲ့သည့် အတွက်လည်း မဲမသမာမှုနှင့်  ကန့်ကွက်မှုများစွာ ဖြစ်ပေါ်ခဲ့ပါကြောင်း။

 


ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ပြီးဖြစ်


ရွေးကောက်ပွဲအလွန်ကာလတွင်လည်း ဖြစ်ပေါ် ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ၊ တရားမဲ့ ပြုကျင့်မှုများနှင့်စပ်လျဉ်းပြီး ပြိုင်ဘက်ပါတီများ၏ ကိုယ်စားလှယ်လောင်းများ၏   တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်မှု  မရှိခြင်း၊   ယခင်အထွေထွေ ရွေးကောက်ပွဲများထက် အလွန်ပိုမိုများပြားသည့် ကန့်ကွက်လွှာမှု  ၂၈၇ မှု   တင်ပြခြင်းများအပြင် တပ်မတော်၊  နိုင်ငံရေးပါတီများနှင့်  လွှတ်တော် ကိုယ်စားလှယ်များ၏  ဥပဒေနှင့်အညီ     တောင်းဆို တင်ပြချက်များကို ညှိနှိုင်း၊ ဆွေးနွေး၊  အဖြေရှာ ဆောင်ရွက်နိုင်မှုမရှိခြင်းများကို တွေ့ရှိရမည်ဖြစ်ပါ ကြောင်း၊    ယခင်   NLD    ပါတီအစိုးရနှင့်   ယခင် ပြည်ထောင်စုရွေးကောက်ပွဲ  ကော်မရှင်တို့သည် ၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲလုပ်ငန်း စဉ်အားလုံးအပေါ် အုပ်ချုပ်ရေးအာဏာကို လည်း ကောင်း၊ ကိုဗစ်-၁၉  ရောဂါကာကွယ်   ထိန်းချုပ် ကန့်သတ်ချက်၊ တားမြစ်ချက်များကို သုံး၍လည်း ကောင်း တရားဝင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးပြီး ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန် ဖောက်ဖျက်ဆောင်ရွက်ခဲ့ခြင်းများကြောင့် လွတ်လပ် ၍ တရားမျှတမှုမရှိသော ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ရွေးကောက်ပွဲရလဒ် ကို ပယ်ဖျက်ခဲ့ပြီးလည်း ဖြစ်ပါကြောင်း။

 


အရေးယူထားရှိသည့်အခြေအနေ


ထို့ကြောင့်  ၂၀၂၀   ပြည့်နှစ်    အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင်  ပါဝင်ပတ်သက် ကျူးလွန်ဆောင်ရွက်ခဲ့သူများကို   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အရေးယူဆောင်ရွက် ထားရှိသည့်အခြေအနေကို  ဆက်လက်တင်ပြမည် ဖြစ်ပါကြောင်း၊  ၂၀၂၀  ပြည့်နှစ်    အထွေထွေ ရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲနှင့် ပတ်သက် သည့် အမှုပေါင်း ၁၀၇၇ မှုဖြစ်ပွားခဲ့ပြီး ယင်းတို့ အနက် ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူဆောင်ရွက် ခဲ့သည့် အမှု ၅၄၆ မှု ရှိခဲ့ပါကြောင်း၊ ယင်းအမှုများနှင့် စပ်လျဉ်းပြီး ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှရရှိသည့် စာရင်းဇယားများအရ လက်ရှိ အချိန်အထိ တရားစွဲတင်ပြီး  ၃၄၅ မှု၊ ပိတ်သိမ်း ၁၉၉ မှုနှင့် ဥပဒေအကြံပြုချက်တောင်းခံဆဲ နှစ်မှု တို့ ဖြစ်ပါကြောင်း။

 


ထို့အတူ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲလုပ်ငန်း စဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ် များတွင် ပါဝင်ပတ်သက်    ကျူးလွန်ခဲ့ကြသည့် နိုင်ငံတော်သမ္မတဟောင်း၊  နိုင်ငံတော်၏   အတိုင် ပင်ခံ ပုဂ္ဂိုလ်ဟောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟောင်းနှင့် အဖွဲ့ဝင်များ၊ ဝန်ကြီး ဟောင်း ဦးမင်းသူ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဟောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဟောင်းများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီအောင်နိုင်ရေး  အဖွဲ့ဝင်များ၊   ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအပါအဝင်   ကျူးလွန်သူ ၄၇၉ ဦးကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး တရားစွဲ ဆို ဆောင်ရွက်လျက်ရှိရာတွင် ကျူးလွန်သူ ၉၃ ဦး ကို အမှုတွဲအရေအတွက် ၇၉ မှုဖြင့် တရားစွဲဆိုခဲ့ရာ တွင် ပြစ်ဒဏ်ချမှတ်ပြီး ၄၇ မှုနှင့် ပြစ်ဒဏ်ချမှတ် ရန်ကျန် ၃၂ မှုဖြစ်ပါကြောင်း။

 


ထို့အပြင် ၂၀၂၀ ပြည့်နှစ်    ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲလုပ်ငန်းများကို   စနစ် တကျ    ကြီးကြပ်ကွပ်ကဲရန်   ပျက်ကွက်ခဲ့သည့် ယခင်ပြည်ထောင်စုရွေးကောက်ပွဲ       ကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ     အဆင့်ဆင့်မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်ပေါင်း ၂၄၁၇ ဦးကိုလည်း ဥပဒေနှင့် အညီ   အရေးယူနိုင်ရေး     ဆောင်ရွက်လျက်ရှိရာ ကျူးလွန်သူ ၂၁၆၉ ဦးကို အမှုတွဲအရေအတွက် ၃၇၃ခု ဖြင့် တရားစွဲဆိုရာတွင် ပြစ်ဒဏ်ချမှတ်ပြီး ၃၆၄ မှု နှင့် ပြစ်ဒဏ်ချမှတ်ရန်ကျန်  ကိုးမှုဖြစ်ပါကြောင်း၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုတွင်   ပါဝင် ပတ်သက်သူများကို  ဥပဒေနှင့်အညီ    အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဆောင်ရွက် ရန် ကျန်ရှိသဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားစွဲဆိုရန် ကျန်ရှိသူများကို လည်း  ဥပဒေနှင့်အညီ   ဆက်လက်တရားစွဲဆို ဆောင်ရွက်ရေး၊ အမှုများ   အမြန်ပြီးပြတ်စေရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း။

 


ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ


ဆက်လက်၍ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစု ခြင်း၊ နိုင်ငံရေးပါတီများ   စစ်ဆေးခြင်းအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင် ရွက်လျက်ရှိသည့်  လုပ်ငန်းစဉ်များကို  တင်ပြမည် ဖြစ်ပါကြောင်း၊   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နောင်ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်   အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦး ရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့်   ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ  တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ က အနီးကပ်ကြပ်မတ်ကွပ်ကဲလျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်  သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲများသည်   သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက    ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကောက်ယူပြုစုထားသည့် မြေပြင်လူဦးရေစာရင်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်း  ပုံစံ(၆၆/၆)ကို   အခြေခံပြုစုထား သည့်  စာရင်းတို့ကို   တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်ပါ ကြောင်း၊  တိုင်းဒေသကြီး/ ပြည်နယ်   အသီးသီးရှိ မြို့နယ်  ၃၂၅  မြို့နယ်တွင်   ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဆောင်ရွက်ပြီး ၁၂၆ မြို့နယ်၊ ဆောင်ရွက် ဆဲ ၁၇၆ မြို့နယ်နှင့် ဆောင်ရွက်ရန်ကျန်  ၂၃ မြို့နယ် ဖြစ်ပါကြောင်း၊ ထိုသို့ရရှိသည့်   အခြေခံလူဦးရေ စာရင်းကို မူတည်ပြီး   အခြေခံမဲဆန္ဒရှင်စာရင်းများ ကို  သတ်မှတ်ကာလအတိုင်း  ပြုစုသွားမည်ဖြစ်ပါ ကြောင်း။

 


နိုင်ငံရေးပါတီများ   စစ်ဆေးမှုအခြေအနေကို ဆက်လက်ပြီး တင်ပြမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊   နည်းဥပဒေများနှင့်အညီ တည်ဆဲနိုင်ငံရေးပါတီများ၏         စာရင်းများကို  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်   အဖွဲ့ဝင်များ ဦးဆောင်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း များမှ  ကိုယ်စားလှယ်များပါဝင်သည့်   ပူးပေါင်း စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးလျက်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ် မေလ စတုတ္ထပတ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့အခြေစိုက်  ကယားပြည်နယ်    ဒီမို ကရက်တစ်ပါတီ  (Kayah State  Democratic Party) ကို လွိုင်ကော်မြို့သို့ သွားရောက်စစ်ဆေးပြီး ဖြစ်သည့်အတွက်   တည်ဆဲနိုင်ငံရေးပါတီ   ၉၂  ပါတီအနက်   ကိုးပါတီသာစစ်ဆေးရန်   ကျန်ရှိပြီး ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပါကြောင်း။

 


ပြည်ထောင်စုရွေးကောက်ပွဲ   ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ် ခဲ့သည့် ချို့ယွင်းအားနည်းချက်များ၊ နိုင်ငံရေးပါတီ များကို စစ်ဆေးရာတွင် တွေ့ရှိချက်များ၊ မြန်မာနိုင်ငံ နှင့်သင့်လျော်သည့် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးနိုင်ရေးနှင့်    ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်းတို့ကို ဥပဒေ နှင့်အညီ  ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို   အသေးစိတ်လေ့လာ ဆန်းစစ်ပြီး  နိုင်ငံတော်နှင့်   နိုင်ငံသားများအကျိုး အတွက် အသစ်ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက် လျက်ရှိပါကြောင်း၊ တစ်ချိန်တည်းတွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရမည့် လူသား အရင်းအမြစ်ဖြစ်သည့် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ ခွဲအဆင့်ဆင့်၏ ဝန်ထမ်းများဖြည့်တင်းခြင်း၊ လေ့ကျင့် သင်တန်းပေးခြင်းအပါအဝင်  ဝန်ထမ်းရေးရာစီမံခန့်ခွဲ မှုများ၊  အခြေခံအဆောက်အအုံဖြစ်သည့် ကော်မရှင် အဖွဲ့ခွဲရုံး  အဆင့်ဆင့်   တည်ဆောက်ခြင်းလုပ်ငန်း အပါအဝင် အုပ်ချုပ်မှုလုပ်ငန်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန် မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း။ 

 


နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ လုပ်ငန်းစဉ်(၁)ပါ  လုပ် ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁)ပါ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက လုပ်ငန်းစဉ်(၅)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့်   ပါတီစုံဒီမိုကရေစီ    အထွေထွေ ရွေးကောက်ပွဲကို   ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။        

 (ဆက်လက်ဖော်ပြပါမည်)