
သီပေါ ဇွန် ၄
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၌ နိုင်ငံတကာက ချီးမြှင့် ပေးအပ်သည့် အသက် ၈၅ နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးကောင်းမွန်၍ အာဟာရဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ် လျက် အမျိုးသားလူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်ကာ ကွင်းဆင်းပေးအပ်သည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယ သုံးလပတ်ဖြစ်သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများအတွက် လူမှုရေး ပင်စင်ထောက်ပံ့ကြေးငွေ တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် သုံးလစာငွေကျပ် သုံးသောင်းစီကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။ သီပေါမြို့နယ်၌ အသက် ၈၅ နှစ်အထက် အဘိုးအဘွား စုစုပေါင်း ၂၄၉ ဦးရှိပြီး ၎င်းတို့အား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှတစ်ဆင့် ထောက်ပံ့ပေးအပ် လျက်ရှိရာ တောင်မြို့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုနှင့် တာဝန် ရှိသူများက အိမ်တိုင်ရာရောက် ကွင်းဆင်းပေးအပ်လျက်ရှိကြောင်း သိရသည်။
စိုင်း(သီပေါ)