အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား သေနတ်သမားအပါအဝင် လူသုံးဦးသေဆုံး

 

အိုင်အိုဝါ   ဇွန်   ၃ 


အမေရိကန်ပြည်ထောင်စု အိုင်အို ဝါပြည်နယ် အိမ်းစ်ရှိ ဘုရားရှိခိုး ကျောင်း        အပြင်ဘက်တွင်    သေနတ်ပစ်ခတ်မှု   ဖြစ်ပွား ပြီးနောက်  လူနှစ်ဦးနှင့်      သေနတ် သမားတို့    သေဆုံးသွားကြောင်း   နိုင်ငံတကာ  သတင်းတစ်ရပ်တွင် ဇွန် ၃ ရက်က ဖော်ပြခဲ့သည်။ 

 


အိုင်အိုဝါပြည်နယ်ရှိ   စတိုရီ ကောင်တီအစိုးရရုံးက  ဇွန် ၂ ရက်တွင် ဘုရားရှိခိုးကျောင်း  ယာဉ်ရပ်နားရာ နေရာတွင်    အမျိုးသားတစ်ဦးက လူနှစ်ဦးကို   သေနတ်ဖြင့် ပစ်သတ်ခဲ့ သည်ဆိုသည့်  ဖုန်းခေါ်ဆိုမှုပေါင်း များစွာ      လက်ခံရရှိခဲ့ကြောင်း  တွစ်တာတွင် ဖော်ပြခဲ့သည်။ 

 


သေနတ်ပစ်ခတ်မှုတွင် လူသုံးဦး သေဆုံးခဲ့ပြီး   သေဆုံးသူများထဲ တွင်   အမျိုးသားသေနတ်သမား တစ်ဦးလည်း အပါအဝင်ဖြစ်ကြောင်း ဒေသအစိုးရရုံးက ဖော်ပြခဲ့သည်။ 

 


ပြည်သူလူထုကို   ဆက်လက် ခြိမ်းခြောက်မှုများမရှိကြောင်းနှင့် အခုချိန်ထိ နောက်ထပ်အသေးစိတ် အချက်အလက်များ   မသိရသေး ကြောင်း   ကောင်တီအစိုးရရုံးက ဆက်လက်ဖော်ပြထားသည်။

 


အိမ်းစ်သည်  စတိုရီကောင်တီရှိ မြို့တစ်မြို့ဖြစ်ကာ     အိုင်အိုဝါ အလယ်ပိုင်း  ဒဲမိုအင်းမြောက်ဘက် ကီလိုမီတာ  ၅၀ အကွာတွင် တည်ရှိ သည်။                          

ဆင်ဟွာ