
မုံရွာ ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ခရိုင် ၁၂ ခရိုင်နှင့် မြို့နယ် ၃၇ မြို့နယ်တို့၌ အခြေခံပညာကျောင်း ၁၄၉၃ ကျောင်းတွင် ကျောင်းအပ်နှံသူ ၁၅၉၅၃၄ ဦး အပ်နှံလျက်ရှိရာ ဇွန် ၃ ရက်အထိ ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူ ၁၀၈၆၆၅ ဦး ကျောင်းတက်လျက်ရှိကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာကျောင်း များမှာ စစ်ကိုင်းခရိုင်၌ စာသင်ကျောင်း ၁၁၈ ကျောင်း၌ ကျောင်းသား ကျောင်းသူ ၁၀၉၄၃ ဦး၊ ရွှေဘိုခရိုင်၌ စာသင်ကျောင်း ၁၁၇ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၈၂၆၂ဦး၊ ကန့်ဘလူခရိုင်၌ စာသင်ကျောင်း ၈၅ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၁၄၆၁၀၊ မုံရွာခရိုင်၌ စာသင်ကျောင်း ၁၀၄ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၁၉၃၈ ဦး၊ ယင်းမာပင်ခရိုင်၌ စာသင်ကျောင်း ၁၁ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၅၄ ဦး၊ ကသာခရိုင်၌ စာသင်ကျောင်း ၂၁၃ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၁၃၈၅၇ ဦး၊ ကောလင်းခရိုင်၌ စာသင် ကျောင်း ၁၃ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၆၂၉ ဦး၊ ကလေး ခရိုင်၌ စာသင်ကျောင်း ၁၆၁ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၁၉၆၆၄ ဦး၊ တမူးခရိုင်၌ စာသင်ကျောင်း ၄၆ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၂၃၆၅ဦး၊ မော်လိုက်ခရိုင်၌ စာသင်ကျောင်း ၄၈ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၄၃၁၆ ဦး၊ ခန္တီးခရိုင်၌ စာသင်ကျောင်း ၂၉၃ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၂၀၆၁၂ ဦး၊ နာဂခရိုင်၌ စာသင်ကျောင်း၂၈၄ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၁၁၄၁၅ ဦး စုစုပေါင်း ၁၀၈၆၆၅ ဦး ကျောင်းတက်လျက်ရှိကြောင်း၊ နောက်ထပ် ဖွင့်လှစ်မည့် ကျောင်းများရှိကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
ယွန်း(မုံရွာ၊ ကိုယ်ပွား)