
ကျောက်တော် ဇွန် ၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ပြည်ထဲရေးဝန်ကြီးဌာနမှ မိသားစု ဝင်များက ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်ပြီး ဆွမ်းဆန်တော် လှူဒါန်းခဲ့သည်။
ထိုသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းရာတွင် ပြည်ထဲ ရေးဝန်ကြီးဌာန ကျောက်တော် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာညွန့် ဦးဆောင်မှုဖြင့် ဝန်ထမ်းများနှင့် အမ်းတန်းရ ရပ်ကွက်အတွင်းရှိ အမ်းတန်းစိန် ကျောင်း ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ဆန်အိတ်ရှစ်အိတ် ကို အမ်းတန်းပရိယတ္တိစာသင်တိုက် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဥတ္တမထံသို့ ဆက်ကပ်လှူဒါန်း ကြောင်း သိရသည်။
ခင်မောင်ထွန်း (ပြန်/ဆက်)