မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရာတွင် ငွေပေးချေမှုလွယ်ကူလာနိုင်

 

ကူမင်း ဇွန် ၂


မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၁ခုနှစ် အောက်တိုဘာလအတွင်း ပြည်တွင်းပြည်ပ ငွေလဲဈေးကွက်အတွင်း   တရုတ်ယွမ်ငွေကို တရားဝင်   လဲလှယ်ခွင့်ပြုခဲ့ပြီး ၂၁၂၁  ခုနှစ် ဒီဇင်ဘာလမှစတင်၍     တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက်   တရုတ်ငွေကြေး-မြန်မာငွေကြေး တိုက်ရိုက်ပေးချေခွင့်ပြုခဲ့ကာ ICBC  နှင့်  Bank  of  China  BC  Yangon ဌာနခွဲတို့အား     ခွင့်ပြုထားရာမှ   ယခုအခါ မြန်မာပြည်တွင်း ပုဂ္ဂလိကဘဏ် လေးခုကို တရုတ်ငွေကြေးဆိုင်ရာ RMB အကောင့်များ ဖွင့်ခွင့်ပေးခဲ့ခြင်းများသည် နယ်စပ် ကုန်သွယ်မှုကို     အရှိန်မြင့်လာစေမည်ဖြစ်ကြောင်း မြန်မာကုန်သည်များက     မျှော်လင့်နေကြသည်။

 


မြန်မာ ပုဂ္ဂလိကဘဏ်အချို့က မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် ရောင်းဝယ်နေကြသည့်  ကုန်သည်များအတွက်  နယ်စပ် ကုန်သွယ်ရာတွင်  ငွေပေးချေမှုပြုလုပ်ရန် RAM အကောင့်များ ဖွင့်လှစ်နိုင်ကြောင်း ကြေညာထားခဲ့သည်ကိုလည်း တွေ့ရသည်။
 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေး သံမှူးများ၏ ပေးပို့မှု အချက်အလက်များ။
ခင်ရတနာ စုစည်းဖော်ပြသည်၊၊