မက္ကဆီကိုနိုင်ငံတွင် ဟာရီကိန်းမုန်တိုင်း အာဂါသာ ဝင်ရောက်မှုကြောင့် ၁၁ ဦးထက်မနည်းသေဆုံးပြီး ၃၃ ဦး ပျောက်ဆုံး

 

မက္ကဆီကိုစီးတီး   ဇွန်   ၂


မက္ကဆီကိုနိုင်ငံ   အောက်ဇာကာ မြို့တော်ကုန်တွင်းပိုင်းသို့ မေ  ၃၀   ရက် နေ့လယ်ပိုင်းက  ဟာရီကိန်း မုန်တိုင်း အာဂါသာ  ဝင်ရောက် ပြီး နောက် ၁၁ ဦးထက်မနည်း သေဆုံးပြီး ၃၃ ဦး  ဒဏ်ရာရရှိခဲ့ ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အယ်လ်လီဂျန်ဒရိုမူရတ်က  ဇွန် ၁ ရက်တွင် ပြောကြားသည်။ 

 


အာဂါသာသည် လေဖိအားနည်း ရပ်ဝန်းတစ်ခုအဖြစ် ဆက်လက် တည်ရှိနေသောကြောင့် ယခုဖော်ပြ ထားသော ကိန်းဂဏန်းများသည် ကနဦးရရှိသော   စာရင်းမျှသာ ဖြစ်ကြောင်း     ပြည်နယ်အုပ်ချုပ် ရေးမှူး      မူရတ်က မှတ်ချက်ပြု ပြောကြားသည်။
အဆိုပါ        သဘာဝဘေးမှာ ဝမ်းနည်းဖွယ်  ကောင်းကြောင်း၊ အထူးသဖြင့် ပစိဖိတ်ကမ်းရိုးတန်း နှင့် ကုန်းမြင့်များမှ မုန်တိုင်းသင့် ပြည်သူများကို       ကူညီရန် ဒေသ ဆိုင်ရာအာဏာပိုင်များက ကယ် ဆယ်ရေးစခန်း ၂၄၀ ကို စီစဉ်ပေးခဲ့ ကြောင်း ၎င်းက ဆက်ပြောသည်။

 


မုန်တိုင်းဒဏ်ကြောင့် မြို့နယ် ကိုးမြို့နယ်တွင်        လျှပ်စစ်မီး ပြတ်တောက်ပြီး ပြည်သူ ၄၀၀၀၀ ကျော် မီးမရရှိကြောင်း သိရသည်။

 


မိုးသည်းထန်စွာ  ရွာသွန်းမှု ကြောင့်   မြေပြိုမှုဖြစ်ပွားခြင်း၊ သစ်ပင်များလဲခြင်း၊ မြစ်ရေလျှံမှု များ ဖြစ်ပေါ်ခြင်းနှင့်   တံတား နှစ်စင်း  ပြိုကျမှုဖြစ်ပွားကြောင်း အရပ်ဘက် ကာကွယ်ရေးဆိုင်ရာ အမျိုးသား ညှိနှိုင်းရေးမှူး   လာရာ   ဗီလက်ဇ်ကွက်က   ရှင်းလင်း ပြော ကြားသည်။                          

 

ဆင်ဟွာ