
ရီယိုဒီဂျနေးရိုး ဇွန် ၂
ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း ပါနန်ဘူကိုပြည်နယ် တွင် လွန်ခဲ့သည့်တစ်ပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဇွန် ၁ ရက်အထိ သေဆုံးသူဦးရေ ၁၀၇ ဦးအထိ ရောက်ရှိလာခဲ့ပြီး ၁၁ ဦး ဆက်လက် ပျောက်ဆုံးလျက်ရှိကြောင်း ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း အနည်းဆုံး ၆၆၅၀ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ သည်။ ထို့အပြင် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ သဖြင့် အိမ်ဒါဇင်ပေါင်းများစွာ မြေအောက်နစ်မြုပ် ခဲ့သည်။ ပြည်နယ် မြို့တော်ရီဆီဖီနှင့် အနီးဝန်းကျင် ဒေသများတွင် သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့သည်။
ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများကြား သေဆုံးမှု မြင့်တက်လာ ခြင်းသည် သမိုင်းတွင် ဒုတိယအများဆုံးဖြစ်ခဲ့သည်။ ၁၉၆၆ ခုနှစ် မေလက မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် လူပေါင်း ၁၇၅ ဦးသေဆုံးမှုသည် သမိုင်းတွင် ပထမ အဆိုးရွားဆုံးသေဆုံးမှုဖြစ်ခဲ့သည်။
မီးသတ်သမားများနှင့် ဘရာဇီးစစ်တပ်သည် လေ့ကျင့်ရေးခွေးများ၏အကူအညီဖြင့် ပျောက်ဆုံး ရုပ်အလောင်းများကို ရှာဖွေလျက်ရှိသည်။
ပါနန်ဘူကိုပြည်နယ်ရှိ နေရာဒေသပေါင်း ၂၄ ခုကို အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး သဘာဝဘေးဒုက္ခခံစားခဲ့ရသော ဒေသများကို ပြန်လည်တည်ဆောက်မှုများလုပ်ဆောင်ရန် အမေ ရိကန်ဒေါ်လာ သန်း ၂၀၀ ကုန်ကျမည်ဟု အစိုးရက ကြေညာထားသည်။
ဆင်ဟွာ