
ဟင်္သာတ ဇွန် ၂
ဟင်္သာတမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရနည်းပညာ အထက်တန်း ကျောင်းကို ဇွန် ၂ ရက် နံနက်ပိုင်း က စတင်ဖွင့်လှစ်သည်။
နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရ နည်းပညာအထက်တန်းကျောင်း သည် သုံးနှစ် သင်တန်းဖြစ်ပြီး သင်ကြားသည့် ဘာသာရပ်များမှာ အဆောက်အဦ နည်းပညာ၊ အီလက်ထရောနစ် နည်းပညာ၊ လျှပ်စစ်နည်းပညာ၊ မော်တော် ယာဉ်နည်းပညာနှင့် စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာတို့ဖြစ်သည်။
အဆိုပါသင်တန်းကို တက် ရောက်ပြီးစီးပါက အခြေခံပညာ အထက်တန်း ပြီးမြောက်ကြောင်း လက်မှတ်ရရှိမည်ဖြစ်ပြီး ထူးချွန် စွာ အောင်မြင်သော ကျောင်းသား/သူများသည် GTI , GTC များသို့ ဆက်လက်တက်ရောက်ခွင့် ရရှိ မည်ဖြစ်သည်။
အစိုးရနည်းပညာ အထက် တန်းကျောင်းကို ဇွန် ၂ ရက်မှ ၂၀ ရက်အထိ ကျောင်းအပ်လက်ခံ ပေးသွားမည်ဖြစ်ပြီး ယနေ့တွင် ပထမနှစ်သင်တန်း တက်ရောက် ရန် စာရင်းသွင်းထားသူ ၆၅ ဦး တွင် ၄၈ ဦး စတင်တက်ရောက် လျက် ရှိကြောင်းနှင့် ဒုတိယနှစ် သင်တန်းတက်ရောက်ရန် ၁၃၃ ဦး ရှိကြောင်း သိရသည်။
စန္ဒာခင် (ပြန်/ဆက်)