ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ နိုင်ငံအဆင့်ပြိုင်ပွဲ ကျင်းပ

 

ရန်ကုန်     ဇွန်      ၁


ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ - နိုင်ငံအဆင့်    (10th  Asean   Quiz – National  Level)    ကို    ယနေ့  နံနက်ပိုင်းက            ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Studio (A) ၌ ကျင်းပသည်။

 


အဆိုပါ ပြိုင်ပွဲသို့ သက်ဆိုင်ရာ ဌာနအသီးသီးမှ  တာဝန်ရှိသူများ၊ အခြေခံပညာ      ကျောင်းများမှ ဆရာ ဆရာမကြီးများ၊ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများ၊ တိုင်းဒေသ ကြီးနှင့်     ပြည်နယ်ကိုယ်စားပြု    ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၁၀ ဦးနှင့် အခြေခံပညာကျောင်း များမှ ကြည့်ရှုအားပေးကြသည့် ကျောင်းသား    ကျောင်းသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ    အာဆီယံသီချင်း (ASEAN Anthem) ကို ဖွင့်လှစ်၍ အာဆီယံအလံအား အလေးပြုကြ သည်။ 


လူငယ်သုံးဦး ရွေးချယ်ရန်


ထို့နောက်     မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ်  ဦးရဲနိုင်က အဖွင့်အမှာစကား ပြောကြားရာတွင်   ၂၀၂၂   ခုနှစ် ဒီဇင်ဘာလတွင်  မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဒသမအကြိမ်မြောက်    အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ  - ဒေသ အဆင့်   (10th   Asean   Quiz  – Regional Level) တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် မည့် လူငယ်သုံးဦးအား ရွေးချယ် နိုင်ရန်အတွက် ယခုလိုနိုင်ငံအဆင့် ပြိုင်ပွဲကျင်းပခြင်း  ဖြစ်ကြောင်း၊ အိမ်ရှင်အဖြစ်   လက်ခံကျင်းပခွင့် ရခြင်းကြောင့်     အခွင့်အလမ်း ကောင်းများ     ရရှိနိုင်ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့်  ကြိုးကြိုး စားစားဖြင့်  ယှဉ်ပြိုင်ကြစေလိုပါ ကြောင်း၊    အောင်မြင်စွာဖြေဆို  နိုင်ကြပါစေကြောင်းနှင့်     ရလဒ် ကောင်းများ   ဆက်လက်ရရှိပြီး နိုင်ငံ့ဂုဏ်ကို     မြှင့်တင်နိုင်ကြပါ စေကြောင်း ပြောကြားသည်။

 


ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  ဝန်ထမ်းအဆိုရှင် များက အာဆီယံတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက်  အခမ်းအနားမှူး များက အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ အား တစ်ဦးချင်း မိတ်ဆက်ပေးပြီး ပြိုင်ပွဲဝင် ကျောင်းသား ကျောင်း သူ ၁၀ ဦးက တစ်ဦးချင်းမိတ်ဆက် ကြသည်။

 


ဆက်လက်၍      အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို   စတင် ကျင်းပရာ အလှည့်ကျဖြေဆိုသည့် စနစ် နှစ်ကြိမ်နှင့် ဦးသူဖြေဆိုသည့် စနစ် နှစ်ကြိမ် စုစုပေါင်း လေးကြိမ် ဖြင့်  ယှဉ်ပြိုင်ခဲ့ရာ  ပထမဆုကို  အထက (၁)  ဒဂုံမှ   မောင်ပြည့်စုံ ချမ်းသာက လည်းကောင်း၊ ဒုတိယ ဆုကို       အထက   (၁)    ဒဂုံမှ မောင်ဟိန်းလင်းထက်က  လည်း ကောင်း၊ တတိယဆုကို အထက (၁)  ဘားအံမှ မနှင်းပွင့်အောင်က လည်းကောင်း၊     စတုတ္ထဆုကို အထက (၈)     အောင်မြေသာစံ (မန္တလေး) မှ  မမေသဲဖြူအုန်း က လည်းကောင်း၊        ပဉ္စမဆုကို  အထက (၁) ဒဂုံမှ   မရွှန်းလဲ့ဝေ တို့က လည်းကောင်း   အသီးသီး ရရှိကြပြီး       အဆိုပါဆုများကို  ညွှန်ကြားရေးမှူးချုပ်    ဦးရဲနိုင်က   အသီးသီး ချီးမြှင့်သည်။

 


ထို့နောက် ညွှန်ကြားရေးမှူး ချုပ်က     အကဲဖြတ်ဒိုင်များအား  အမှတ်တရ     လက်ဆောင်များ  ပေးအပ်ပြီး  အကဲဖြတ်ဒိုင်အဖွဲ့ဝင် များ၊   ပြိုင်ပွဲဝင်   ကျောင်းသား ကျောင်းသူများနှင့်အတူ     စုပေါင်း ဓာတ်ပုံရိုက်ကာ        အာဆီယံ ဉာဏ်စမ်း  ပဟေဠိပြိုင်ပွဲ − နိုင်ငံ အဆင့် ကျင်းပမှုကို ရုပ်သိမ်းလိုက် သည်။

 


နိုင်ငံ့ကိုယ်စားပြု ယှဉ်ပြိုင်မည်


အာဆီယံ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ (ASEAN Quiz) ကို အာဆီယံ ဒေသတွင်းနိုင်ငံများ၏ ယဉ်ကျေး မှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှု ရေးဆိုင်ရာ       ဗဟုသုတများကို      အာဆီယံ    မျိုးဆက်သစ်လူငယ်များ ကျယ်ကျယ်ပြန့်ပြန့်        ပိုမိုသိရှိ နားလည်နိုင်စေရန်နှင့် အာဆီယံ နိုင်ငံများအကြား မိတ်ဆွေအဖြစ် ဆက်ဆံရေးများ၊    အပြန်အလှန် နားလည်မှုများ မြှင့်တင်နိုင်စေရန်    ရည်ရွယ်ချက်ဖြင့် အာဆီယံနိုင်ငံ များက   နှစ်နှစ်လျှင်   တစ်ကြိမ် အလှည့်ကျ အိမ်ရှင်စနစ်ဖြင့် ၂၀၀၂  ခုနှစ်မှစတင်၍      လက်ခံကျင်းပ ခဲ့ရာမှ   ၂၀၂၀   ပြည့်နှစ်တွင် စင်ကာပူနိုင်ငံ အလှည့်ကျရောက် စဉ် ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွားမှု အခြေအနေကြောင့်       online    စနစ်ဖြင့်      ပြောင်းလဲကျင်းပခဲ့ ကြောင်း၊   ယခုအခါ  ကိုဗစ်-၁၉   ရောဂါ   ဖြစ်ပွားမှု   လျော့နည်း ကျဆင်းသွားပြီး    ကာကွယ်ဆေး ထိုးနှံမှုများ   ဆောင်ရွက်လာနိုင် ခြင်း၊    လမ်းပန်းဆက်သွယ်မှုများ ပြန်လည် ကောင်းမွန်လာခြင်းတို့ ကြောင့် ၂၀၂၂ ခုနှစ်တွင် မြန်မာ နိုင်ငံက   အိမ်ရှင်အဖြစ်ကျင်းပမှုကို    (In Person) စနစ်ဖြင့် ဖိတ်ခေါ် ကျင်းပရန် အာဆီယံနိုင်ငံများက သ‌ဘောတူ    ဆုံးဖြတ်ခဲ့ကြသဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊      အဆိုပါ     အာဆီယံဒေသတွင်း အဆင့်ပြိုင်ပွဲသို့       မြန်မာနိုင်ငံ ကိုယ်စားပြု  ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန်အတွက် နိုင်ငံအဆင့်ပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ရန် တိုင်းဒေသ ကြီးနှင့်     ပြည်နယ်   ကိုယ်စားပြု   ကျောင်းသား ကျောင်းသူ  ၄၃  ဦး အမည်စာရင်းကို        ပညာရေး ဝန်ကြီးဌာန၊   အခြေခံပညာဦးစီး ဌာနက   ရွေးချယ်ပေးခဲ့ပြီး    ယင်း အနက် ရောက်ရှိသတင်းပို့သူ ၃၄ ဦးအား   ရေးဖြေစာမေးပွဲ  ဖြေဆို ခြင်းနှင့် လူတွေ့မေးမြန်းခြင်းများ ပြုလုပ်ကာ   ၁၀  ဦးကို     ဦးစွာ ရွေးချယ်ခဲ့ပြီး     ပြိုင်ပွဲစနစ်ဖြင့် ဆက်လက်ယှဉ်ပြိုင်စေကာ   ငါးဦး ကို  ပဏာမ   ရွေးချယ်ခဲ့ခြင်းဖြစ် ကြောင်း၊   ယင်းတို့ကို စခန်းသွင်း လေ့ကျင့်မှု ပြုလုပ်ပြီး အကဲဖြတ် ဒိုင်အဖွဲ့က      သုံးဦးကို       ထပ်မံ ရွေးချယ်ကာ       အာဆီယံဒေသ အဆင့်ပြိုင်ပွဲသို့ နိုင်ငံ့ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း သိရသည်။             
         

သတင်းစဉ်