ဗီယက်နမ်မြေအောက်မီးရထား လိုက်ပါစီးနင်းသူ ၃ ဒသမ ၁ သန်းကျော်ရှိ

 

ဟနွိုင်း   ဇွန်   ၁ 


ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် စီးပွားဖြစ် စတင်ပြေးဆွဲပြီးနောက်ပိုင်း ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော ကက်လင်း-ဟာဒေါင် မြေအောက်မီးရထားလိုင်း ကို ခရီးသည်  ၃  ဒသမ  ၁ သန်းကျော် လိုက်ပါစီးနင်းကြကြောင်း ဗီယက်နမ်သတင်းဌာနတစ်ခုက ဇွန် ၁ ရက်တွင် ပြောသည်။ 

 


ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးမြေအောက်မီးရထားလိုင်းကို နေ့စဉ် ခရီးသည်ပျမ်းမျှအရေအတွက်  ရုံးဖွင့်ရက်များတွင်   ၂၁၀၀၀  မှ ၂၂၀၀၀ ဦးအထိ ရှိပြီး ရုံးပိတ်ရက်များတွင် ၂၅၀၀၀  မှ ၃၀၀၀၀ အထိရှိကြောင်း သိရသည်။  လက်ရှိတွင် မြို့ပြအဆင့်မြင့်မီးရထားလမ်း ကက်လင်း-ဟာဒေါင်သို့   ဘတ်စ်ကားလိုင်း  ၅၄ လိုင်း ချိတ်ဆက်ထားကြောင်း သိရသည်။                                                        

 ဆင်ဟွာ