နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ (၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

 

နေပြည်တော်    ဇွန်    ၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊     သတင်း ထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌  ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊   သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်း၊     ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်     ဦးခင်မောင်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန် ရေးအဖွဲ့  အဖွဲ့ဝင်များ၊   ဝန်ကြီးဌာနအသီးသီးမှ     ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာ များ၊   ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်      ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။

 


သတင်းစာရှင်းလင်းပွဲမစတင်မီ   တက်ရောက် လာကြသူများအား တာဝန်ရှိသူများက ကိုဗစ်-၁၉  ရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း    နေရာချထားပေး သည်။

 


ရှင်းလင်းပြောကြား


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက    တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သောကြောင့်        ခေတ် အဆက်ဆက် အစိုးရနှင့်တပ်မတော်က  တိုင်းရင်း သား ပြည်သူလူထုနှင့် အတူလက်တွဲ၍ ငြိမ်းချမ်းရေး ရရှိအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု၊   တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် (NCA)ပါ   အချက်အလက်များ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၏  NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့မှု၊         ငြိမ်းချမ်းရေးနှင့် ပတ်သက်၍   အစိုးရအဆက်ဆက် ကဏ္ဍအလိုက် ဆွေးနွေးအတည်ပြုနိုင်ခဲ့မှုနှင့်   ဆွေးနွေးရန် ကျန်ရှိ နေသေးသည့်ကဏ္ဍများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ          တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ခေါ် ချက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ချင်းအလိုက် ခေါင်းဆောင်များအပါအဝင် အဖွဲ့ဝင်  ၂ ဦးစီကို ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခြင်း၊ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန       အနေဖြင့် တိုင်းရင်းသားတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေး မှု အမွေအနှစ်များနှင့် ဓလေ့ထုံးစံများကို ဆောင်ရွက် ခဲ့မှုနှင့်  တိုင်းရင်းသားများ၏     အလုပ်အကိုင် အခွင့် အလမ်း၊ စာပေ၊  ယဉ်ကျေးမှုတို့နှင့်    ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ အားပေးဆောင်ရွက်လျက်ရှိမှု။

 


မိုးရာသီအတွင်းဖြစ်ပေါ်လာမည့် ဆိုင်ကလုန်း မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ် ရေးလုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မြန်မာနိုင်ငံအနေဖြင့်        သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ရာသီဥတုဖောက်ပြန်မှု ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးအသွင် ဖြင့် ပုံဖော်ဆောင်ရွက်လျက်ရှိမှု။

 


မျောက်ကျောက်ရောဂါ စတင်တွေ့ရှိမှု၊ ကူးစက် ပြန့်ပွားမှု၊ ရောဂါလက္ခဏာများနှင့် သတိပြုရမည့် အချက်များ၊ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် သတိပြုလိုက်နာနေထိုင်သင့်သည့်         အချက်များ၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် မေ ၂၆ ရက်မှ ဇွန် ၁ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ နိုင်ငံသားတိုင်း    ရပိုင်ခွင့် ဖြစ်သည့်   ပညာသင်ယူမှုမဆုံးရှုံးစေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိသည် များကို PowerPoint Presentation ဖြင့် ကျယ်ကျယ် ပြန့်ပြန့်  ရှင်းလင်းပြောကြားသည်။ 

 


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊  မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင်   ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူများကို      အရေးယူဆောင်ရွက်မှု အခြေအနေအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် များ ကို PowerPoint Presentation ဖြင့် ရှင်းလင်း ပြောကြားသည်။ 

 


ယင်းနောက် သတင်းဌာနများမှ သတင်းထောက် များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့    ကိုယ်စား လှယ်များက       ပြန်လည်ရှင်းလင်းပြောကြားပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။

 


ကြည့်ရှုလေ့လာ


အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်       သတင်း မီဒီယာများ မှီငြမ်းကိုးကားနိုင်ရေးအတွက် ငြိမ်းချမ်း ရေးဆိုင်ရာကိစ္စရပ်များ၊ မိုးရာသီအတွင်း ဖြစ်ပေါ်လာ မည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ         ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ မျောက်ကျောက်ရောဂါဆိုင်ရာ အချက်အလက်များ၊ စက်သုံးဆီဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၂-၂၀၂၃   ပညာသင်နှစ်ဆိုင်ရာ    ကိစ္စရပ်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏       ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များ၊   နိုင်ငံရေးပါတီများအား စစ်ဆေးခြင်းမှတ်တမ်းများနှင့်   ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက     လိုက်လံကြည့်ရှု လေ့လာခဲ့ကြကြောင်းနှင့်    သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှု၊        မေးမြန်းဖြေကြား­မှုအပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း   သတင်း ရရှိသည်။                                              

သတင်းစဉ်