
နေပြည်တော် မေ ၃၁
PDF အမည်ခံ အကြမ်းဖက်သမား များအနေဖြင့် အေးချမ်းစွာ နေထိုင်သော ပြည်သူလူထုများ နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအားထိခိုက်ဒဏ်ရာရရှိစေရန် ယုတ်ညံ့ သော စိတ်ဓာတ်များဖြင့် အကြမ်း ဖက်ဖောက်ခွဲရေး လုပ်ရပ်များ အား ငွေကြေးထောက်ပံ့ခြင်း၊ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများ ဆောင်ရွက် ခြင်း၊ ၎င်းတို့ကိုယ်တိုင်ကျူးလွန် ခြင်းများ လုပ်ဆောင်လျက်ရှိသည့် အပြင် အများပြည်သူသွားလာနေ သော လမ်းမကြီးများ၊ လမ်းများ၊ ကားဂိတ်များနှင့် မှတ်တိုင်များ တွင်ပါ လက်လုပ်ဗုံး၊ လက်လုပ် မိုင်းများဖြင့် ထောင်ကာ ဖောက်ခွဲ ခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ် ဆောင်ရွက်လျက်ရှိသည်။
လက်လုပ်မိုင်း ပေါက်ကွဲ
ထို့သို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အနော် ရထာလမ်း (၃၅) လမ်း ကားမှတ်တိုင်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင် ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်ဦး သေ၊ ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၃ နာရီ မိနစ် ၂၀ က ကျောက်တံတား မြို့နယ် အနော်ရထာလမ်း (၃၅)လမ်း ကားမှတ်တိုင်တွင် အကြမ်း ဖက်သူများ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွား ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ လက်လုပ် မိုင်းပေါက်ကွဲမှုကြောင့် ကားမှတ် တိုင်အနီးတွင်ရှိနေသည့် ရဲထက် နိုင်(၃၂)နှစ် (ဘ) ဦးဇော်မင်းဦး၊ နန္ဒမျိုးအောင်(၂၅)နှစ် (ဘ)ဦးဇော် မျိုး၊ ဦးစောမင်းရွှေ(၅၉)နှစ် (ဘ)ဦးရွှေထွန်း၊ ခန့်ဝေပိုင် (၁၉)နှစ် (ဘ)ဦးလှဝင်း၊ မိုးဇော်ဦး (၄၅)နှစ် (ဘ)ဦးခင်ဇော်ထွန်း၊ မြင့်သန်းစိုး (၂၃)နှစ် (ဘ) ဦးမြင့်သန်း၊ ကိုစိုင်း အောင်(၃၀)နှစ် (ဘ)ဦးစောလွင်၊ အောင်ကြီး(၃၀)နှစ် (ဘ)ဦးမင်းလွင်၊ အောင်နိုင်(၄၇)နှစ် (ဘ) ဦးငုံတို့ ကိုးဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကာ အမည်မသိ (၃၀)နှစ်ခန့် အမျိုးသားတစ်ဦး (စိစစ်ဆဲ)တွင် ရင်ဘတ်ပေါက်ပြဲ ဒဏ်ရာ၊ ဝမ်းဗိုက်ပေါက်ပြဲ ဒဏ်ရာ များ ရရှိသေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူများအား ဆေးဝါးကုသမှု ခံယူနိုင်ရေး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
စုံစမ်းဆောင်ရွက်
ဖြစ်စဉ်တွင် အများပြည်သူ သွားလာနေသော ကားမှတ်တိုင် တွင် ဗုံးထောင်ဖောက်ခွဲခဲ့ သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်