တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

 

နေပြည်တော်    မေ    ၃၁
တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး     ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ အထက်ဒေသခံ ပြည်သူများ၊      အကျဉ်းသား   အကျဉ်းသူများ၊   မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊   နာတာရှည်ရောဂါ    အခံရှိ သူများ၊   ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်  စခန်းများ အတွင်းရှိ  ပြည်သူများ၊ အသက် (၁၂)နှစ်အထက်   အခြေခံပညာ အလယ်တန်းနှင့်  အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များစသည့်      ဦးတည်အုပ်စုများ     သတ်မှတ်၍ တပ်မတော်မှ ဆေး အဖွဲ့များ၊        ပြည်သူ့ဆေးရုံများ မှ     ဆရာဝန်များ၊      သူနာပြု များ၊    ကျန်းမာရေး       ဝန်ထမ်းများ နှင့်   စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း  လုပ်ငန်း များကို    ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မေ ၃၀ ရက်နှင့်   ယနေ့တို့တွင်  ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်း ရှိ     မြို့နယ်  ၁၄  မြို့နယ်တို့၌ ဒေသခံပြည်သူ ၃၂၀၃ ဦး၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ရန်ကင်း မြို့နယ်နှင့်   တာမွေမြို့နယ်တို့၌ ဒေသခံပြည်သူ     ၁၀၀၈  ဦး၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၀၄၅၅ ဦး၊ ရခိုင်ပြည်နယ် နှင့်     ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၅၅၄၂ ဦးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ    ခရိုင် ခုနစ်ခုတို့၌     ဒေသခံပြည်သူ ၃၄၂၁၈  ဦးတို့ကို    တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ   ဆရာဝန်များ၊   သက်ဆိုင် ရာ   ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး  ထိုးနှံပေးခြင်းများ ဆောင် ရွက်ပေးသည်။
ထို့အတူ     ကျောင်းသား ကျောင်းသူများကိုလည်း  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ မေ ၃၀ ရက် တွင်  ရှမ်းပြည်နယ်မြောက်ပိုင်း  အတွင်းရှိ မြို့နယ် လေးမြို့နယ်တို့ ၌    ကျောင်းသား    ကျောင်းသူ ၄၂  ဦးတို့ကို     တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ   ဆရာဝန်များ၊   သက်ဆိုင် ရာ   ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး   ထိုးနှံပေးခြင်းများ  ဆောင် ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ  တာဝန်ရှိ သူများက    သွားရောက်ကြည့်ရှု အားပေးပြီး    လိုအပ်သည်များ   ညှိနှိုင်း     ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။    သတင်းစဉ်