တရုတ်နိုင်ငံအကောက်ခွန်အရာရှိများက နိုင်ငံဝင်ပေါက်များမှတစ်ဆင့်  monkeypox ရောဂါဝင်ရောက်လာမည်ကို ကြိုတင်ကာကွယ်ရန် ကြိုးစားဆောင်ရွက်လျက်ရှိ


 

ပေကျင်း     မေ     ၃၀ 
တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်နေချိန်တွင် တရုတ်နိုင်ငံအကောက်ခွန်အရာရှိများက နိုင်ငံဝင်ပေါက်များမှ တစ်ဆင့် Monkeypox ရောဂါဝင်ရောက်လာမည်ကို ကြိုတင် ကာကွယ်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးမှူးရုံး   (GAC) က    မေ  ၃၀ ရက်တွင် တရားဝင် ထုတ်ပြန်လိုက်သည်။ 
GAC က Monkeypox နှင့်သက်ဆိုင်သော သတိပေးချက်များ ထုတ်ပြန်ရန်၊      ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် တင်းကျပ်သည့် ဆောင်ရွက်ချက်များလုပ်ဆောင်ရန်၊ နေရပ်ပြန် ခရီးသည်များကို ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ရန် ကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ 
အကောက်ခွန်အာဏာပိုင်များသည် နိုင်ငံခြားမှဝင်ရောက် လာသည့် ကုန်ပစ္စည်းများနှင့် တိရစ္ဆာန်များကို သီးခြားကန့်သတ် စောင့်ကြည့်မှုကာလအား တိုးမြှင့်ခဲ့သည်။ ထို့အတူ ဓာတ်ခွဲခန်း များ၏ ဇီဝလုံခြုံရေးစီမံခန့်ခွဲမှုများကိုလည်း ပိုကောင်းအောင်ဆောင်ရွက်စေခဲ့သလို   စစ်ဆေးမှုအတွက်လည်း   တိကျပြီး အကောင်အထည်ပြနိုင်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်စေ ခဲ့သည်။ 
ထို့အပြင် GAC သည် နိုင်ငံခြားမှ ဝင်ရောက်လာနိုင်သည့် Monkeypox ရောဂါကို  တင်းကျပ်စွာ  ဟန့်တားကာကွယ်ရန် တခြားသော အစိုးရဌာနများနှင့်လည်း ပူးပေါင်းခဲ့သည်။ 
နိုင်ငံတွင်း နိုင်ငံပသို့ သွားရောက်မည့် ခရီးသည်များအနေဖြင့် ဖျားနာခြင်း သို့မဟုတ် ဖျားချင်သလိုဖြစ်နေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်းရှိပါက အကောက်ခွန်အရာရှိများထံ မိမိအသိစိတ်နှင့် သတင်းပို့ရမည်ဖြစ်ကြောင်း GAC က သတင်း ထုတ်ပြန်လိုက်သည်။ 
ဆင်ဟွာ