လူ ၂၂ ဦးပါ နီပေါပျက်ကျခရီးသည်တင်လေယာဉ်မှ ရုပ်အလောင်း ၂၁ ခု တွေ့ရှိ

 

 

ခတ္တမန္ဒူ    မေ    ၃၀
နီပေါနိုင်ငံ မူစတန်ခရိုင်ရှိ ဝေးလံ ခေါင်ဖျားသော တောင်ကုန်းဒေသ တစ်ခုတွင်   လူ  ၂၂  ဦးပါ  နီပေါ ပျက်ကျခရီးသည်တင်  လေယာဉ် တစ်စင်းမှ ရုပ်အလောင်း  ၂၁ ခု ကို တွေ့ရှိပြီဖြစ်ကြောင်း  ဒေသန္တရ အစိုးရက    မေ  ၃၀   ရက်တွင် ပြောသည်။ 
အဆိုပါ  လူ  ၂၁   ဦး၏   ရုပ် အလောင်းကို       တွေ့ရှိခဲ့ပြီဖြစ်ပြီး တစ်ဦး      ပျောက်ဆုံးနေဆဲဖြစ် ကြောင်း၊ ရုပ်အလောင်း  ၁၀ ခုကို ရဟတ်ယာဉ်ဖြင့်    ခတ္တမန္ဒူသို့ ပို့ဆောင်လိုက်ပြီ    ဖြစ်ကြောင်း မူစတန်ခရိုင် အကြီးအကဲဖြစ်သူ နီထရာ    ပါရာဆတ်   ရှာမာ  က ပြောသည်။ 
အဆိုပါ          ခရီးသည်တင် လေယာဉ် ပျက်ကျရာနေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ  ၄၁၀၀ အမြင့်တွင်ရှိကြောင်း၊ အလောင်းများမှာလည်း  ပြန့်ကျဲ နေကြောင်း လေယာဉ်ပျက်ကျရာ    နေရာမှ   ဟိုတယ်ပိုင်ရှင်တစ်ဦး ဖြစ်သူ အင်ဒရာ ဆင့်ဂ် ရှာရှန်း က  ပြောသည်။ 
အိန္ဒိယနိုင်ငံသား  လေးဦးနှင့် ဂျာမနီနိုင်ငံသား နှစ်ဦးအပါအဝင်    ခရီးသည်  ၁၉  ဦးနှင့်   လေယာဉ် အမှုထမ်း  သုံးဦးပါသော  အဆိုပါ လေယာဉ်သည် ပိုခါရာလေဆိပ်မှ မူစတန်ခရိုင် ဂျွန်ဆမ်လေဆိပ်သို့ ဦးတည်ပျံသန်းစဉ်   မေ  ၂၉  ရက် နံနက်ပိုင်းက ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။                                                
ဆင်ဟွာ