မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ မင်းဘူးမြို့နယ် ပထမဆုရ

 

မကွေး    မေ   ၂၉


၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက် အမျိုးသား အမျိုးသမီး     ပိုက်ကျော်ခြင်းပြိုင်ပွဲ   ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ   အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက   တိုင်းဒေသကြီး  မိုးလုံလေလုံ  အားကစားခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီး များ၊ တိုင်းဒေသကြီး   အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်  အားကစားဝါသနာရှင်များ   တက်ရောက်  ကြသည်။ 

 


ရှေးဦးစွာ   ၂၀၂၂ ခုနှစ်   မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား      မြို့နယ်ပေါင်းစုံ       အသက် ၂၅ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ    နောက်ဆုံးဗိုလ်လုပွဲအဖြစ်   မင်းဘူးမြို့နယ်အသင်း နှင့် ပခုက္ကူမြို့နယ်အသင်းတို့  ယှဉ်ပြိုင်ကစားရာ  မင်းဘူးမြို့နယ်အသင်းက အနိုင်ရရှိခဲ့ပြီး အမျိုးသမီး ပွဲစဉ်အဖြစ် ရေနံ‌ချောင်းမြို့နယ်အသင်းနှင့် ပွင့်ဖြူ မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ပွင့်ဖြူမြို့နယ် အသင်းက အနိုင်ရရှိသည်။ 

 


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား    မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား    အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲ ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သော မင်းဘူးမြို့နယ်အသင်းအား တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ ဒုတိယဆုရရှိသော ပခုက္ကူမြို့နယ်အသင်းနှင့် ပြိုင်ပွဲ တစ်လျှောက်   အကောင်းဆုံးအားကစားသမားဆု၊ အကောင်းဆုံးနောက်ထိန်းဆု၊     အကောင်းဆုံး ပင့်ထောင်ဆုနှင့် အကောင်းဆုံးရိုက်ခုတ်ဆု ရရှိသည့် အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆု များအား တိုင်းဒေသကြီးဝန်ကြီးများက လည်းကောင်း၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင်  ပထမဆုရရှိ ခဲ့သော ပွင့်ဖြူမြို့နယ်အသင်းနှင့် ဒုတိယဆုရရှိခဲ့သော ရေနံချောင်းမြို့နယ်အသင်းအား   တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက   တစ်ဦးချင်းဆွဲပြား၊      ဆုကလပ်နှင့် ငွေသားဆုများအား   အသီးသီးပေးအပ်ချီးမြှင့်ကြ ကြောင်း သိရသည်။ 


ကိုစည်သူ (မကွေး)