
ဖားဆောင်း မေ ၂၉
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများနှင့်အတူ ဖားဆောင်းမြို့နယ်သို့ မေ ၂၆ ရက်က သွားရောက်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖားဆောင်းမြို့နယ် မြောက်ပိုင်းရပ်ကွက်ရှိ ဖားစည် သံလွင်ခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးက ကယားပြည်နယ် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က ဖားဆောင်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် မြို့နယ်ဖြစ်၍ အဓိကသီးနှံများ ဖြစ်သော စပါး ၊ နှမ်းနှင့် နေကြာများကို မူလရည်မှန်း ထားသည့် သတ်မှတ်စိုက်ဧကများ ပြည့်မီကျော်လွန် အောင် စိုက်ပျိုးရန်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မြို့နယ်ဆေးရုံတွင် ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝရရှိစေရေးအတွက် စီစဉ် ဆောင်ရွက်ပေးနေမှုများ၊ ဒေသလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုကလည်း ပူးပေါင်းဆောင်ရွက်ရန်၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာ သင်ယူနိုင်ရေး ဆရာ၊ မိဘနှင့် ကျောင်းအကျိုးတော် ဆောင်များ ပူးပေါင်းဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသည် အရေးကြီးသဖြင့် အရှိန် အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရန် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ မြို့နယ်ကုသ ရေးဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်၍ ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ပစ္စည်း များပေးအပ်ပြီးနောက် ဆေးရုံကြီးရှိ ဆေးသိုလှောင်ရုံ တွင် ဆေးဝါးများ စနစ်တကျ ထားသိုမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မြို့နယ်အတွင်း အခြေခံပညာကျောင်း များ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံ နေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသား မိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးစာရေးကိရိယာများ၊ စာအုပ်များကိုလည်းကောင်း၊ ဆရာ ဆရာမများ အား ထောက်ပံ့ငွေများနှင့် လက်ဆောင်ပစ္စည်းများကိုလည်းကောင်း ပေးအပ်ခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)