ဆိုက်ပရပ်စ်နှင့် အစ္စရေးတို့ အကြီးမားဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

 

နီကိုရှာ   မေ    ၂၉


ဆိုက်ပရပ်စ်နှင့် အစ္စရေးတို့သည် ဆိုက်ပရပ်စ်နိုင်ငံ၌ ကြည်း၊ လေ၊ ရေ ပိုင်နက်အတွင်း အကြီးမားဆုံး     နှစ်နိုင်ငံပူးတွဲစစ်ရေး လေ့ကျင့်မှု ကို မေ ၂၉ ရက်တွင်  စတင်ခဲ့ ကြောင်း ကာကွယ်ရေး   ဝန်ကြီး ဌာနက   ထုတ်ပြန်ကြေညာခဲ့ သည်။ 


ကြာသပတေးနေ့တွင်

အဆုံးသတ်မည်


Agapinor 2022 ဟု အမည် ပေးထားသော    အဆိုပါစစ်ရေး လေ့ကျင့်မှုကို      ဆိုက်ပရပ်စ် ပိုင်နက်နယ်နိမိတ်    အတွင်း အဓိက     ကျင်းပသွားမည်ဖြစ် ကြောင်း၊   ထို့အပြင်  အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် နှစ်နိုင်ငံ စလုံးမှ   ကြည်းကြောင်း၊  လေ ကြောင်းနှင့် ရေကြောင်းတပ်ဖွဲ့ ဝင်များ          ပါဝင်မည်ဖြစ်ပြီး    ကြာသပတေးနေ့တွင်  အဆုံး သတ်မည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ 

 


အကြီးမားဆုံး      
စစ်ရေးလေ့ကျင့်မှုဖြစ်


စစ်ဘက်ဆိုင်ရာမှ   ပြုလုပ် သည့် အဆိုပါစစ်ရေးလေ့ကျင့်မှု သည် လက်ရှိအချိန်အထိ အကြီး မားဆုံး      စစ်ရေးလေ့ကျင့်မှုဖြစ် လာမည်ဖြစ်ကြောင်း  ကာကွယ် ရေးဝန်ကြီးဌာန သတင်းရင်းမြစ် များကို ကိုးကားပြီး ဆိုက်ပရပ်စ် မီဒီယာက ဖော်ပြထားသည်။ 

 


အဆိုပါ  စစ်ရေးလေ့ကျင့်မှု သည် နှစ်နိုင်ငံကြား သဘောတူညီ ထားသည့်      နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်မှု  အစီအစဉ် ၏        အစိတ်အပိုင်းတစ်ခုဖြစ် ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံကြား  ကာကွယ်ရေးနှင့်         လုံခြုံရေး နယ်ပယ်တွင် ပြောင်မြောက်သော ဆက်ဆံရေးကို ဖော်ပြနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ 

 


အစ္စရေး        ကာကွယ်ရေး ဝန်ကြီး     ဘင်ဂျမင်ဂျန့်ဇ်သည် စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ် တစ်ပိုင်းကို     ကြည့်ရှုမည်ဖြစ် ကြောင်း အစ္စရေးမီဒီယာ၏ ဖော်ပြ ချက်အရ   သိရသည်။    သို့သော် လည်း အသေးစိတ်ကို ဖော်ပြထား ခြင်း မရှိပေ။ အစ္စရေးအထူးတပ်ဖွဲ့ ဝင်များနှင့် စစ်လေယာဉ်များစွာ  သည် အဆိုပါ   စစ်ရေးလေ့ကျင့်မှု တွင်  ပါဝင်မည်ဖြစ်ကြောင်း ပြော ကြားသည်။                      

ဆင်ဟွာ