
ရန်ကုန် မေ ၂၉
၂ဝ၂၂-၂၀၂၃ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် ပိုင်းက အလုံမြို့နယ် အမှတ်(၄)အခြေခံပညာအထက် တန်းကျောင်းရှိ သီရိရတနာခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ကျောင်းသား ကျောင်းသူများက ခေါင်းလောင်းသံချိုအားမာန်ပို သီချင်းဖြင့် သီဆို ဂုဏ်ပြုကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်တို့က အမှာစကားပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်လေးခရိုင်မှ ကျောင်းသား ကျောင်းသူများကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ် များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ၊ ကျောပိုး အိတ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်း များကို ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများက ဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ က ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လသာ မြို့နယ် အမှတ်(၂)အခြေခံပညာအထက်ကျောင်းနှင့် ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတို့တွင် မိဘများက သားသမီးများကို ကျောင်းလာရောက်အပ်နှံနေမှုများအား လှည့်လည် ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ယင်းနောက် ကျောင်းဝင်းများအတွင်း သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မိုးရာသီတွင် ဖြစ်ပွား တတ်သည့် သွေးလွန်တုပ်ကွေးကဲ့သို့သော ရောဂါ များ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်းသိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)