ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာ သုံးရွာကို ခေတ်မီစံပြကျေးရွာများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်

 

နေပြည်တော်  မေ   ၂၇


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ မေ ၂၅ ရက်က ကရင်ပြည်နယ်အတွင်း ခေတ်မီစံပြ ကျေးရွာ(SMART Village)များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးသို့ ရောက်ရှိပြီး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ ကာ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများအား လေးစားလိုက်နာကာ လုပ်ငန်းများ ဆောင်ရွက်ကြ ရန်၊ ဝန်ကြီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်၊ ရည်ရွယ် ချက်များ  အောင်မြင်စေရေး    ဝန်ထမ်းအားလုံးက ပူးပေါင်းပါဝင်၍ တက်ကြွစွာ ဆောင်ရွက်ကြရန်နှင့် ဦးစီးဌာနများ အချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ကြရန် မှာကြားသည်။

 


ယင်းနောက် ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန    သင်တန်းခန်းမ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာ အပ်ချုပ်စက်သင်တန်း     ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လှိုင်းဘွဲ့ မြို့နယ်  ထီလုံကျေးရွာရှိ   သမ္ဘာန်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းသို့ ရောက်ရှိ ကာ Contract Farming စနစ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသော အသင်းသားတောင်သူများ နှင့် တွေ့ဆုံ၍  လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


ယင်းနောက်   ဒုတိယဝန်ကြီးနှင့်   အဖွဲ့သည် ဘားအံမြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်းသို့ရောက်ရှိပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးကာ သင်တန်းသားများ  ရက်ကန်း လုပ်ငန်းနှင့် သဘာဝဆိုးဆေးနည်းပညာ လက်တွေ့ လေ့ကျင့်သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။

 


ဆက်လက်၍  ဒုတိယဝန်ကြီးနှင့်   အဖွဲ့သည် ဘားအံမြို့နယ်  ထုံးအိုင်ကျေးရွာသို့  ရောက်ရှိပြီး ဒေသခံပြည်သူများ၊   ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ပြည်နယ်ဦးစီးမှူးက   ဘားအံမြို့နယ် အိမ်ခြေ ၁၈၆၃ အိမ်၊ လူဦးရေ ၁၀၃၃၀ ရှိ  ထုံးအိုင် ကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART Village) အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကိုတင်ပြရာ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီး ဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့တွင် ခေတ်မီစံပြကျေးရွာ (SMART Village) များ ထူထောင်ပေးနေပါကြောင်း၊ ယခုအခါ ကရင်ပြည်နယ် အတွင်း အခြေခံမူ ၁၅ ချက်နှင့် ကိုက်ညီသောကျေးရွာ သုံးရွာကို ရွေးချယ်ပြီး ဦးစီးဌာနများအချင်းချင်း ပေါင်းစပ် ညှိနှိုင်းကာ  အကောင်အထည်ဖော်   ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ခေတ်မီစံပြကျေးရွာ (SMART Village)များကို ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေပြီး   ကျေးလက်နေပြည်သူများ၏  လူနေမှု အဆင့်အတန်း   မြင့်မားလာစေခြင်း၊  သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများ ပံ့ပိုးပေးခြင်း ဖြင့် ကျေးလက်စီးပွားရေးမြင့်မားလာစေခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့် စဖွယ်စံပြကျေးရွာများ    ဖြစ်ပေါ်လာစေခြင်းနှင့် ကျေးရွာသူ/ သားများနှင့် ကျေးရွာအသင်းအဖွဲ့များ၏ စွမ်းဆောင်ရည်မြင့်မားလာပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ကို ရရှိစေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပေးနေပါကြောင်း၊ ဒေသခံ များကလည်း မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားပြီး အကောင်အထည်ဖော်ဆောင် ရွက်မည့်လုပ်ငန်းများနှင့်     ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို  ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေး ခဲ့သည်။          

                                 
 သတင်းစဉ်