
နေပြည်တော် မေ ၂၇
နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့ မွန်းလွဲပိုင်းက ဥတ္တရသီရိမြို့နယ်ရှိ ချောင်းမကြီး ချောင်းအတွင်းရှိ သဲနုန်းများနှင့်အမှိုက်များ တူးဖော် ဖယ်ရှားခြင်း၊ ချောင်းဖြောင့်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ စစ်ဆေးရာတွင် ဒုတိယ မြို့တော်ဝန်က ချောင်းမကြီးဆည် သို့ အဓိကရေဝင်ရောက်သည့် ချောင်းမကြီးချောင်းအတွင်း ရေစီး ရေလာကောင်းမွန်ပြီး ဆည် အတွင်း ရေပိုမိုဝင်ရောက်နိုင်စေ ရေးနှင့် ချောင်းတစ်လျှောက် သဲနုန်းများ ပိတ်ဆို့မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယမြို့တော် ဝန်သည် ပျဉ်းမနားမြို့နယ် ဘောဂသီရိ အဆင့်မြင့်ယာဉ်ပြင် အလုပ်ရုံရှိ တည်ဆောက်ပြီးစီး သော အမြန်နှုန်းသဲရေစစ်ကန်သို့ သွားရောက်၍ သဲရေစစ်ကန်တွင် ရေသန့်စင်မှုစနစ် ဆောင်ရွက် ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ယာဉ်ပြင်အလုပ်ရုံများသို့ ဖြန့်ဖြူး ပေးဝေသည့် ရေအရည်အသွေး ကောင်းမွန်စေရေးနှင့် ရေလုံ လောက်စွာ ပေးဝေနိုင်စေရေး သဲရေစစ်ကန် ပြုပြင်ထိန်းသိမ်း မှုကို အမြဲဆောင်ရွက်ရန် မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှု ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်