၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများ ဆက်လက်လက်ခံ

 

နေပြည်တော်   မေ  ၂၇


၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  အခြေခံပညာဦးစီးဌာနအောက်ရှိ  အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို  ဇွန် ၂ ရက်တွင်  စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား ကျောင်းသူများအား ကျောင်း အပ်နှံမှုလက်ခံခြင်းများကို   ဆောင်ရွက်သွားမည်ဖြစ်ရာ   မြန်မာနိုင်ငံတစ်ဝန်းရှိ  အခြေခံပညာကျောင်း အသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၆ ရက် နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့ တွင်လည်း ဆက်လက်လက်ခံဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊   ကျောင်းအုပ်ချုပ်မှု တာဝန်ခံများ နှင့်   ဆရာ   ဆရာမများက  ကျောင်းလာရောက်အပ်နှံသူ  မိဘ အုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ      အဆင်ပြေ ချောမွေ့ စွာ        ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး   ကျောင်း သား   ကျောင်းသူများအတွက်  ပညာရေးဝန်ကြီးဌာနမှ     အခမဲ့ ထောက်ပံ့ပေးအပ်သည့် စာရေး ကိရိယာများနှင့်    ကျောင်းသုံး စာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ကြသည်။ 

 


တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်း များ၊       ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်     ပညာရေး ကျောင်းများ၌   ယနေ့အထိ   ကျောင်းအပ်နှံသူ  ၃၂၃၀၉၉၉    ဦး ရှိပြီး ကျောင်းများ၏ လုံခြုံရေးနှင့် ကျောင်းအပ်နှံမှု လက်ခံဆောင် ရွက်သည့်  ဆရာ  ဆရာမများ၊ လာရောက်   ကျောင်းအပ်နှံကြ သည့် ကျောင်းသား ကျောင်းသူ များနှင့်  မိဘများ၏  လုံခြုံရေး အတွက် သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများနှင့်     တာဝန်သိ ပြည်သူများက   ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 


ယင်းသို့   ဆောင်ရွက်ပေးနေမှု များကို     တိုင်းဒေသကြီးနှင့်    ပြည်နယ်အသီးသီးမှ  ဝန်ကြီးချုပ် များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့်    ဌာနဆိုင်ရာ      တာဝန်ရှိသူများက   သွားရောက် ကြည့်ရှုအားပေးကြပြီး   လိုအပ် သည်များ       ပေါင်းစပ်ညှိနှိုင်း    ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်း ရရှိသည်။

             
 သတင်းစဉ်