ပုသိမ်မြို့ပညာရေးဒီဂရီကောလိပ်ကျောင်းဝင်းအတွင်း မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 

ပုသိမ်     မေ    ၂၇


ပုသိမ်မြို့     ပညာရေးဒီဂရီကောလိပ်ကျောင်းဝင်း အတွင်း    မိုးရာသီ(အကြို)သစ်ပင်စိုက်ပျိုးပွဲ  အခမ်း အနားကို မေ ၂၆ ရက်က ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊    ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်   ထွန်းဝင်း၊  ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာန  ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်း များ၊ တိုင်း/ခရိုင်   မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းများနှင့်   NGO   အသင်းအဖွဲ့များ တက်ရောက်ကြသည်။ 

 


အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က    အမှာစကားပြောကြားပြီး တိုင်းဒေသကြီး သစ်တော ဦးစီးမှူး    ညွှန်ကြားရေးမှူး   ဦးမြင့်စိန်က    သစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာန ဆိုင်ရာများကိုယ်စား ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးထံ မဟော်ဂနီပင် များ ပေးအပ်ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်က ပညာရေးဒီဂရီ ကောလိပ် ဆရာ   ဆရာမများကိုယ်စား ကျောင်းအုပ် ဆရာမကြီးထံ  ကျွန်းပျိုးပင်များကိုလည်းကောင်း၊    ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း က တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း   အဖွဲ့ဝင်တစ်ဦးထံ   မန်ဂျန် ရှားပင်များကို    လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး  ဦးအုန်းမြင့်က  တိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌထံ ကံ့ကော်ပင်များကို လည်းကောင်း  ပေးအပ်ခဲ့ပြီး   တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးတင် မောင်ဝင်း   ဦးဆောင်၍   ဌာနဆိုင်ရာများ    NGO အဖွဲ့များနှင့်စုပေါင်းကာ   နှစ်ပေအထက်  ပျိုးပင်များ   စိုက်ပျိုးကြောင်း သိရသည်။

 

မြင့်ဟန် (ပြန်/ဆက်)