နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ဂျပန်နယ်စပ်ဂိတ်များကို နိုင်ငံခြားသားများအတွက် ဖွင့်လှစ်ပေးတော့မည်

 

တိုကျို    မေ   ၂၆ 


ကိုဗစ်-၁၉ စတင်ကူးစက်ဖြစ်ပွားချိန်မှစကာ နှစ်နှစ် အတွင်း    ပထမဆုံးအကြိမ်အဖြစ်   ဂျပန်နိုင်ငံ၏ နယ်စပ်များကို နိုင်ငံခြားသားခရီးသွားများအတွက် ဖွင့်လှစ်ပေးတော့မည်ဖြစ်သည်။       သို့သော်လည်း ကန့်သတ်ဖြေလျှော့မှုများကို    တဖြည်းဖြည်းချင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း   ဂျပန်ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။ 

 


ဇွန် ၁၀ ရက်မှစကာ ဧည့်လမ်းညွှန်များပါသော ဝန်ဆောင်ခပုတ်ပြတ်ခရီးသွား အစီအစဉ်များအတွက် နိုင်ငံခြားသားခရီးသွားများကို ပြန်လည်ကြိုဆိုသွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါးက ပြောသည်။ 

 


နိုင်ငံခြားမှ ဝင်ရောက်လာသူအရေအတွက်သည် ဇွန် ၁ ရက်မှစကာ  နှစ်ဆတိုးလာပြီး   တစ်နေ့လျှင် ၂၀၀၀၀   ခန့်    ရှိလာမည်ဖြစ်ကြောင်း    ကီရှီဒါးက ပြောသည်။ 

 


ဝန်ဆောင်ခ ပုတ်ပြတ်နှုန်းဖြင့် ခရီးသွားအစီအစဉ် များကို စတင်လိုက်ခြင်းက သက်ဆိုင်ရာအာဏာပိုင် များကို ဖြစ်ပေါ်လာနိုင်သည့် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုများကို   အကောင်းဆုံးထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း အရာရှိများက ပြောသည်။ 
အသစ်ချမှတ်လိုက်သော မူဝါဒများအရ နိုင်ငံနှင့် ဒေသများကို အန္တရာယ်ရှိသည့် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားနိုင်မှုအပေါ်မူတည်ပြီး    အမျိုးအစားသုံးမျိုး ခွဲခြားထားသည်။ 

 


ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားနိုင်ခြေအနည်းဆုံး ဖြစ်သည့်ဒေသမှ   လာရောက်သူများကို  ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးထားသည့်တိုင် ဗိုင်းရပ်စ်စစ်ဆေး ခြင်း   ကင်းလွတ်ပေးမည်ဖြစ်သကဲ့သို့   ကိုယ်တိုင် သီးသန့်ခွဲခြားစောင့်ကြည့်မှုမှလည်း  ကင်းလွတ်ပေး မည်ဖြစ်သည်။ 

 


ယခုသီတင်းပတ်နှောင်းပိုင်းတွင် အဆိုပါ ခွဲခြားမှု များကို   အရာရှိများက   ကြေညာသွားမည်ဖြစ်ပြီး ခရီးသွား ၈၀ ရာခိုင်နှုန်းခန့် ဂျပန်နိုင်ငံသို့ဆိုက်ရောက် သည်နှင့်တစ်ပြိုင်နက်      မည်သည့်အသွားအလာ ကန့်သတ်စောင့်ကြည့်မှုမှ ခံယူရန်မလိုအပ်ကြောင်း အရာရှိများက ပြောသည်။ 

 


ဂျပန်နိုင်ငံသည်    နိုင်ငံခြားခရီးသွားကန့်သတ် လျက်ရှိသည့် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ 
စီးပွားရေးခေါင်းဆောင်များကလည်း စီးပွားရေး ပြန်လည်နိုးထရန်   နယ်စပ်ဒေသထိန်းချုပ်မှုများကို ဖြေလျှော့ပေးရန် အစိုးရကို တောင်းဆိုလိုက်သည်။ 


အင်န်အိတ်ချ်ကေ