
နေပြည်တော် မေ ၂၅
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာတတ် မြောက်ရေးနှင့် အနာဂတ် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်း လာရေးအား ရှေးရှု၍ အခြေခံ ပညာ စာသင်ကျောင်းများကို မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင် တည်း စတင်ဖွင့်လှစ်သင်ကြားနိုင် ရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုကို လိုလားပြီး အဖျက်အမှောင့် လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင် နေသည့် CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအပေါ် ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ စာသင်ကျောင်း များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်း၊ ကန့်ကွက်စာများရေးသားခြင်းနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ ဖြန့်ဝေမှုများအား တားဆီးနှောင့် ယှက်ခြင်း၊ ငွေကြေးတောင်းခံခြင်း နှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။
ယင်းသို့ အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိရာ မေ ၂၄ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ် ခရိုင်အတွင်းရှိ စာသင်ကျောင်း များသို့ ဖြန့်ချိမည့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ သယ်ဆောင်လာ သည့် ၁၂ ဘီးယာဉ် နှစ်စီးသည် သရက်ချောင်းမြို့နယ် အောက် သရက်ချောင်းကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၂၀၀၀ ခန့် အကွာရှိ ထားဝယ်-မြိတ် ပြည် ထောင်စု လမ်းမကြီးပေါ်သို့ ရောက်ရှိစဉ် PDF အမည်ခံအကြမ်း ဖက်သမားများက တားဆီး ရပ်တန့်၍ ကျောင်းသုံးပုံနှိပ်စာအုပ် များ ထည့်ထားသည့် စုစုပေါင်း ဆာလာအိတ် ၁၅၉၇ အိတ်အနက် မှ ဆာလာအိတ် ၄၈ ထုပ်ကို ကားလမ်းဘေးသို့ချပြီး မီးရှို့ ဖျက်ဆီးခဲ့သည်။
PDF အမည်ခံအကြမ်းဖက် သမားများအနေဖြင့် ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မား ရေး ဆောင်ရွက်နေမှုများအပေါ် ဖျက်လိုဖျက်ဆီး စိတ်ဓာတ်ဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက် ၍ ပါဝင်ပတ်သက်သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး ဆက်လက်စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်