သမ္မတဂျိုးဘိုင်ဒင်၏ အာရှခရီးစဉ် ပြီးဆုံးပြီးနောက် မြောက်ကိုရီးယား ဒုံးကျည်သုံးစင်း ပစ်လွှတ်

 

ဆိုးလ်    မေ    ၂၅


မြောက်ကိုရီးယားနိုင်ငံသည်    နိုင်ငံ၏  အရှေ့ဘက် ရေပြင်သို့ ပဲ့ထိန်းဒုံးကျည်သုံးစင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား   ပူးတွဲစစ်ဦးစီးချုပ်  (ဂျေစီအက်စ်) က မေ ၂၅ ရက်တွင် ပြောသည်။ ပြုံယမ်းရှိ ဆူနန် ဧရိယာမှ ဒေသ စံတော်ချိန် နံနက် ၆ နာရီ၊ ၆ နာရီ ၃၇ မိနစ်နှင့် ၆ နာရီ ၄၂ မိနစ်တွင် ပစ်လွှတ်ခြင်းဖြစ် ကြောင်း    ဂျေအီအက်စ်က    ပြောသည်။   အဆိုပါ ပစ်လွှတ်မှုသည် ယခုနှစ်တွင် မြောက်ကိုရီးယား၏ (၁၇) ကြိမ်မြောက် ပစ်လွှတ်မှုဖြစ်ကြောင်း သိရသည်။  တောင်ကိုရီးယားသမ္မတ    ယွန်ဆက်ယိုးလ်သည် မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုနှင့် ပတ်သက် ပြီး    အမျိုးသားလုံခြုံရေးကောင်စီ   အစည်းအဝေး တွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အာရှခရီးစဉ် ပြီးဆုံးပြီးနောက် တစ်ရက်အကြာတွင် မြောက်ကိုရီး ယား၏ အဆိုပါပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှု ထွက်ပေါ် လာခြင်းဖြစ်သည်။                    

 ဆင်ဟွာ