မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဘာသာရပ်ဆိုင်ရာစာတမ်းဖတ်ပွဲကျင်းပ

 

နေပြည်တော်   မေ   ၂၅


မြန်မာနိုင်ငံတော်ဗဟိုဘဏ်    ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲကို   ယနေ့နံနက်   ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Assem-bly Hall ၌ ကျင်းပသည်။

 


စာတမ်းဖတ်ပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဝင်းသော်နှင့်    ဒေါ်သန်းသန်းဆွေ၊   ညွှန်ကြား ရေးမှူးချုပ်များနှင့်       အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။ 

 


စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက   မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နည်း ပညာဆိုင်ရာအဖွဲ့အစည်း (Technical Institution) ဖြစ်သည့်အတွက်    မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စွမ်းဆောင်မှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်စေရန် အမျိုးမျိုးသောနည်းလမ်းများဖြင့်       အစဉ်အမြဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊  မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရည်မှန်းချက်နှင့်အညီ      ငွေကြေး တည်ငြိမ်ရေး၊ ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေး၊ ထိရောက်သောငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်စေ ရန် လိုအပ်သည့်  ပညာရပ်ဆိုင်ရာအသီးသီးအား လည်း အစဉ်အမြဲကြိုးပမ်းအားထုတ်ရမည့်တာဝန်ရှိပါကြောင်း၊ ကြိုးပမ်းသည့်နည်းလမ်းများလည်း များစွာရှိပါကြောင်း၊ အဓိကအားဖြင့် ဝန်ထမ်းများ သည် တိုးတက်ချင်သည့်စိတ်အခြေခံရှိရန် လိုအပ်ပြီး ကိုယ်တိုင်ကြိုးပမ်းအားထုတ်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သင်တန်းများအတွက် ပြည်ပသင်တန်းများသာမက ပြည်တွင်းသင်တန်း များကိုလည်း သင်ကြားပို့ချစေလျက်ရှိပါကြောင်း၊ နောင်ကာလတွင် ပြည်တွင်းပြည်ပမှ အတတ်ပညာ ရှင်များဖိတ်ခေါ်၍ ကွန်ဖရင့်များ၊  ဆွေးနွေးပွဲများ ကျင်းပသွားရန်ရှိပါကြောင်း၊        မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဝန်ထမ်းများပညာအရည်အချင်း မြင့်မား လာစေရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နောင်အနာဂတ်ကာလတွင်  ဦးဆောင်မည့်သူများ အနေဖြင့် ပညာအရည်အချင်းကောင်းမွန်စွာ ပြည့်စုံ နေစေရန် နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းသွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍  Determinants  of Inflation in Myanmar စာတမ်းနှင့်စပ်လျဉ်း၍ ဒေါ်လေးလေး အောင် (လက်ထောက်ညွှန်ကြားရေးမှူး) က  လည်း ကောင်း၊ A Study on Foreign Direct Investment Inflow to Myanmar After 1998 နှင့် စာတမ်းနှင့် စပ်လျဉ်း၍ ဦးဇော်ဇော်ထွန်း (လက်ထောက်ညွှန်ကြား ရေးမှူး) က လည်းကောင်း   ရှင်းလင်းတင်ပြခဲ့ကြရာ ဥက္ကဋ္ဌ၊  ဒုတိယဥက္ကဋ္ဌများနှင့်    အရာထမ်းများက အကြံပြုဆွေးနွေးခဲ့ကြသည်။  


သတင်းစဉ်