ကိုဗစ်-၁၉၊ ယူကရိန်းနဲ့ monkeypox ကဲ့သို့သော ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာကြီး

Type
99


 

ထွန်းကျော်

 

ကိုဗစ်-၁၉၊ ယူကရိန်းနဲ့ monkeypox (အရပ်အခေါ် မျောက်ကျောက်ရောဂါ) ကူးစက်ရောဂါဟာ လက်ရှိ ကမ္ဘာ့ဇာတ်ခုံမှာ ကကြိုးစုံစွာဖြစ်ပွားနေတဲ့ နိုင်ငံတကာရေးရာဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။  ဒီအရေးနဲ့ ပတ်သက်ပြီး  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက သတိပေးထားပါတယ်။
ကပ်ရောဂါတွေကို သတိပြုဖို့ပြော  
ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီက အာဖရိက နိုင်ငံပြင်ပ ၁၅ နိုင်ငံထက်မနည်းမှာ ဖြစ်ပွားနေတဲ့ အဆိုပါကူးစက် ရောဂါနဲ့ပတ်သက်ပြီး ဆွေးနွေးမှု တွေလုပ်နေတဲ့    ဂျီနီဗာမှာ   ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)  အကြီးအကဲ  တက်ဒရော့အက်ဒါနွန် ဂျီဘရီယက်စ်ဆုက  မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းမှာ သူဟာ ဖြစ်ပေါ်နေတဲ့ ကပ်ရောဂါတွေ ကို သတိပြုဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ 
ဥရောပ၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနဲ့ အစ္စရေးနိုင်ငံတွေမှာ    ဒီကူးစက်ရောဂါဖြစ်ပွားတဲ့ အရေအတွက်ဟာ  ၈၀ ကျော်အထိ  ရောက်နေပြီလို့ အတည်ပြုခဲ့ကြပါတယ်။ 
လွယ်လင့်တကူ ကူးစက်ပျံ့နှံ့နိုင်ခြေမရှိ 
သို့သော်လည်း   ပြည်သူများကြား   ကူးစက်ပျံ့နှံ့ နိုင်ခြေရှိမှုကတော့ နည်းတယ်လို့  ပြောရမှာဖြစ်ပါ တယ်။  ဒီကူးစက်ရောဂါဟာ အာဖရိကအလယ်ပိုင်းနဲ့ အနောက်ပိုင်း ဝေးလံခေါင်သီတဲ့ နေရာမှာဖြစ်ပွား လေ့ရှိတဲ့    ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။   ဒီရောဂါ ဟာလူများကြား လွယ်လင့်တကူ ကူးစက်ပျံ့နှံ့နိုင်ခြေ မရှိနိုင်သလို  ရောဂါကလည်း  သိပ်မပြင်းထန်ပါ ဘူး။ 
ဒီရောဂါကူးစက်ဖြစ်ပွားတဲ့        လူတွေဟာ သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ        ပြန်လည် ကောင်းမွန်လာတာတွေ့ရတယ်လို့   အင်္ဂလန်နိုင်ငံ အမျိုးသား ကျန်းမာရေးဝန်ဆောင်မှုက  ပြောကြား လိုက်ပါတယ်။
ရောဂါကူးစက်ဖြစ်ပွားမှု ပိုများလာ 
အင်္ဂလန်ကျန်းမာရေး    အရာရှိတွေကတော့ ဒီရောဂါနဲ့     ပတ်သက်ပြီး    အကြံပြုချက်အသစ် ထုတ်ပြန်ထားပါတယ်။ အဲဒီအကြံပြုချက်အသစ်မှာ အဆိုပါ ရောဂါနဲ့  အမြင့်ဆုံးကူးစက်   ထိတွေ့ခဲ့ သူတွေဟာ သုံးပတ်ကြာ သီးသန့်ခွဲခြားနေထိုင်ရမယ် လို့ ဖော်ပြထားပါတယ်။ 
အဲဒီရောဂါ   ကူးစက်ဖြစ်ပွားသူတွေအနေနဲ့ သီတင်းပတ်သုံးပတ်ကြာ သီးသန့်ခွဲခြားနေထိုင်ရ မယ်ဆိုပြီး    ကြေညာချက်ထုတ်ပြန်ခဲ့တဲ့   ပထမဆုံး နိုင်ငံကတော့ ဘယ်လ်ဂျီယံနိုင်ငံဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံမှာ  နောက်ပိုင်းရက်တွေမှာဆိုရင် ဒီရောဂါကူးစက်ဖြစ်ပွားတဲ့အရေအတွက်ဟာ   ပိုပြီး များလာနိုင်တယ်လို့    ဂါးဒီးယန်းသတင်းစာမှာ ဖော်ပြထားပါတယ်။ 
ရင်ဆိုင်တုံ့ပြန်
ကုလသမဂ္ဂအဖွဲ့ရဲ့ ကမ္ဘာ့ကျန်းမာရေးညီလာခံမိန့်ခွန်းမှာ  တက်ဒရော့က  ကိုဗစ်-၁၉  ကပ်ရောဂါ ဟာ မိမိတို့ကမ္ဘာကြီးမှာ ကြုံတွေ့နေရတဲ့  တစ်ခု တည်းသော  ကပ်ရောဂါမဟုတ်ဘူးလို့  ပြောကြား လိုက်ပါတယ်။ 
ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့   မိမိတို့ရဲ့  လုပ်ဖော် ကိုင်ဖက်တွေကို ပြောချင်တာကတော့ မိမိတို့တွေဟာ ကွန်ဂိုနိုင်ငံမှာဖြစ်ပွားတဲ့  အီဘိုလိုကူးစက်ဖြစ်ပွား မှုတွေကို ရင်ဆိုင်တုံ့ပြန်ခဲ့ကြောင်း၊ ကူးစက်ဖြစ်ပွားမှု အကြောင်းရင်းမသိရသေးတဲ့ monkeypox ကူးစက် ရောဂါနဲ့ အသည်းရောင်ရောဂါတို့ကိုလည်း ရင်ဆိုင် တုံ့ပြန်သွားမှာဖြစ်ကြောင်း၊  ထို့အတူ   အာဖဂန် နစ္စတန်၊ အီသီယိုးပီးယား၊  ဆိုမာလီယာ၊  တောင် ဆူဒန်၊ ဆီးရီးယားနဲ့ ယူကရိန်းနိုင်ငံတွေမှာ  ဖြစ်ပွား နေတဲ့ ရှုပ်ထွေးလှတဲ့ လူသားချင်း  စာနာထောက်ထား မှုဆိုင်ရာဘေးဒုက္ခတွေကိုလည်း   ရင်ဆိုင်တုံ့ပြန်နေ တယ်လို့ တက်ဒရော့ကပြောပါတယ်။
ကြောက်စရာကောင်းတဲ့ ရောဂါမျိုးစုံနဲ့ ကြုံတွေ့နေ 
မိမိတို့ဟာ   ကြောက်စရာကောင်းလောက်တဲ့ ရောဂါမျိုးစုံနဲ့ ကြုံတွေ့နေရတဲ့အပြင် မိုးခေါင်ရေရှား ခြင်း၊ ငတ်မွတ်ဘေးများနဲ့ ကြုံတွေ့ခြင်း၊ စစ်ပွဲများနဲ့ ကြုံတွေ့ခြင်း၊  အဲဒီကြားထဲ ရာသီဥတုပြောင်းလဲမှု တွေ ကလည်း     ဖော်ပြပါ   အကြောင်းတရားတွေကို မီးလောင်ရာလေပင့်ဆိုသလို အခြေအနေဆိုးတွေ ဖန်တီးဖြစ်ပေါ်စေခြင်းနဲ့အတူ မညီမျှမှုတွေနဲ့ ပထဝီ နိုင်ငံရေးအားပြိုင်မှုတွေနဲ့လည်း    ကြုံတွေ့နေရ ကြောင်း တက်ဒရော့က ပြောပါတယ်။ 
သံသယဖြစ်ဖွယ် Monkeypox ရောဂါကူးစက် ဖြစ်ပွားမှုတွေကို    စုံစမ်းစစ်ဆေးနေကြောင်းနဲ့ နောက်ထပ်  ကူးစက်ဖြစ်ပွားမှုတွေ   ပိုများလာနိုင် ကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က   ပြောကြား လိုက်ပါ တယ်။
ဥရောပတစ်လွှားခြေရာခံတွေ့ရှိ  
အင်္ဂလန်နိုင်ငံမှာ   ဒီရောဂါကို   ပထမဆုံး အတည်ပြုပြီးနောက်မှာ  ဒီဗိုင်းရပ်စ်ကို   ဥရောပ တစ်လွှားမှာ ခြေရာခံတွေ့ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။  စပိန်၊  ပေါ်တူဂီ၊  ဂျာမနီ၊  ဘယ်လ်ဂျီယံ၊  ပြင်သစ်၊ နယ်သာလန်၊ အီတလီ နဲ့ ဆွီဒင် နိုင်ငံတွေရဲ့ အများ ပြည်သူကျန်းမာရေးအေဂျင်စီတွေဟာ ဒီရောဂါကို အတည်ပြုခြေရာခံတွေ့ရှိခဲ့ကြပါတယ်။ 
နောက်ထပ် ယင်းရောဂါအတည်ပြုမှုတွေကို   သြစတြီးယားနဲ့  ဆွစ်ဇာလန်နိုင်ငံတွေမှာ   ထပ်မံ အတည်ပြုတွေ့ရှိခဲ့ကြပါတယ်။
အင်္ဂလန်ကျန်းမာရေး   လုံခြုံရေးအေဂျင်စီက အခုချိန်ထိ monkeypox  ကူးစက်ဖြစ်ပွားသူ  ၂၀ ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။ နေ့စဉ်ကူးစက်မှု တွေလည်း ရှိပါတယ်။ အခုဆိုရင် ဗိုင်းရပ်စ်ဟာ လူမှု အသိုက်အဝန်းထဲမှာ ကူးစက်ပျံ့နှံ့နေပြီလို့ အေဂျင်စီ က ပြောပါတယ်။
ကာကွယ်ဆေးဟာ ၈၅ ရာခိုင်နှုန်း အကျိုးသက်ရောက်မှုရှိ 
သို့သော်လည်း ပြည်သူများကြားကူးစက်နိုင်ခြေ ကတော့အလွန်ကို     နည်းပါးကြောင်း၊   ဗိုင်းရပ်စ် ကို   အခုချိန်ထိ   လူသူထူထပ်သိပ်သည်းမှုမရှိတဲ့ ကျေးလက်ဒေသတွေမှာ  အများဆုံးတွေ့ရကြောင်း နဲ့ လိင်တူချစ်သူများနဲ့   လိင်တူလိင်ကွဲစိတ်ဝင်စားသူ တွေမှာ     များသောအားဖြင့်     တွေ့နိုင်တယ်လို့ ဒေါက်တာ ဟော့ကင်းက ပြောပါတယ်။ 
Monkeypox အတွက်တိကျတဲ့ ကာကွယ်ဆေး မရှိသေးသော်လည်း နိုင်ငံအတော်များများကတော့ ရေကျောက်ကာကွယ်ဆေးတွေ မှာယူကြပါတယ်။ ဒီရေကျောက်ကာကွယ်ဆေးဟာ   monkeypox ဗိုင်းရပ်စ်ကို    ကာကွယ်ရာမှာ  ၈၅  ရာခိုင်နှုန်း အကျိုးသက်ရောက်မှုရှိပါတယ်။ 
ဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာများ 
ဒီ ဗိုင်းရပ်စ်ရဲ့  ရောဂါလက္ခဏာတွေကတော့ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ ကြွက် သားများနာကျင်ကိုက်ခဲခြင်းနဲ့ နုံးချည့်မောပန်းခြင်း တို့ဖြစ်ပါတယ်။ ဒါ့အပြင် အရေပြားမှာ ယားယံတဲ့အနီအဖုအပိမ့်များထွက်ခြင်း၊ မျက်နှာ၊ ခြေ၊  လက် တို့မှာ အနာများဖြစ်ခြင်းစတဲ့  ရောဂါလက္ခဏာတွေ ကိုလည်း တွေ့နိုင်ပါတယ်။ 
ရောဂါကူးစက်ဖြစ်ပွားနေတဲ့ လူ၊ ဒါမှမဟုတ် တိရ စ္ဆာန်နဲ့ အနီးကပ်ထိတွေ့ခြင်း၊ အရေပြားပေါ်မှာ အနီ   အဖုအပိမ့်ထွက်သူတွေ  အသုံးပြုခဲ့တဲ့ အဝတ်အထည်၊ အိပ်ရာစောင်စတဲ့ အသုံးအဆောင် များမှတစ်ဆင့်လည်း  ဒီဗိုင်းရပ်စ်က  ကူးစက်ပျံ့နှံ့ နိုင်ပါတယ်။ 
အထိတ်တလန့်နဲ့ စောင့်ကြည့်နေရတဲ့
အနေအထားရောက်နေ 
ရေကျောက်ကာကွယ်ဆေးတွေနဲ့   ဗိုင်းရပ်စ် နှိမ်နင်းတဲ့ဆေးဝါးတွေဟာ  ဒီဗိုင်းရပ်စ်ကို  သက်သာ စေပါတယ်။ ဘာကြောင့်အခုလို ဗိုင်းရပ်စ်ရောဂါကူးစက်ပျံ့နှံ့ဖြစ်ပွားနေသလဲဆိုတာ   အဖြေမရှာတွေ့ သေးကြောင်း၊    ဒီဗိုင်းရပ်စ်ဟာ    ပုံစံတစ်မျိုးမျိုး နဲ့    ပြောင်းလဲနေကြောင်း၊  ဒီနေ့တွေ့နေရတဲ့ monkeypox ဟာ အရင်ကဖြစ်ပွားခဲ့တဲ့  ဗိုင်းရပ်စ် ထက်    ပိုပြီးကူးစက်လွယ်ပါတယ်။  အခုတော့ ဒီဗိုင်းရပ်စ်နဲ့      ပတ်သက်ပြီး    အထိတ်တလန့်နဲ့  စောင့်ကြည့်နေရတဲ့    အနေအထားရောက်ရှိနေပြီ ဖြစ်ပါတယ်။      ။             ကိုးကား (WHO)၊ ဆင်ဟွာ