ကနေဒါတွင် အားကောင်းသောမုန်တိုင်းတိုက်ခတ်၊ သေဆုံးသူ ၁၀ ဦး အထိရှိလာ 


 

အော့တဝါ   မေ   ၂၄ 
ကနေဒါနိုင်ငံ       အွန်တာရီယို နှင့်  ကွီဘတ်ပြည်နယ်များတွင် အားကောင်းသော   မုန်တိုင်း တိုက်ခတ်ရာ   သေဆုံးသူအရေ အတွက်  ၁၀  ဦး  အထိရှိလာပြီ ဖြစ်ကြောင်း ဒေသတွင်း မီဒီယာ တွင် ဖော်ပြထားသည်။
တစ်နာရီ    ကီလိုမီတာ   ၁၂၀ အထိမုန်တိုင်း တိုက်ခတ်ပြီးနောက်   သစ်ပင်များ  ပြိုလဲပြီး   လျှပ်စစ် ဓာတ်ကြိုးများ  ပြတ်တောက်ခဲ့ သဖြင့်  ကနေဒါနိုင်ငံ၏  လူထူ ထပ်ဆုံး      ပြည်နယ်ဖြစ်သည့် အွန်တာရီယို၌ လူထောင်ပေါင်း များစွာ  လျှပ်စစ်မီးပြတ်တောက်ခဲ့ ကြောင်း    စီတီဗွီသတင်းတွင် ဖော်ပြထားသည်။ 
ကနေဒါလျှပ်စစ် ထုတ်လုပ် ရေးနှင့် ဖြန့်ဖြူးရေး ဟိုက်ဒရိုဝမ်း က လျှပ်စစ်သုံးစွဲသူ ၃၈၀၀၀၀ ခန့် ကို   လျှပ်စစ်မီးများ  ပြန်လည် ရရှိအောင်  လုပ်ဆောင်ပေးနိုင်ခဲ့ သည့်တိုင် မေ ၂၃ ရက် နေ့လယ်မှ စကာ လျှပ်စစ်သုံးစွဲသူ ၁၈၅၀၀၀ ခန့် လျှပ်စစ်မီး မရရှိသေးကြောင်း ပြောကြားသည်။ 
အလားတူ ဟိုက်ဒရို-ကွီဘတ် ၏     လျှပ်စစ်ဝန်ဆောင်မှုများ ပြတ်တောက်ခဲ့သဖြင့် ဓာတ်အား သုံးစွဲသူ  ၂၀၀၀၀၀ ကျော်  ဒုက္ခ ရောက်ခဲ့သည်။ ထို့အတူဟိုက်ဒရို အော့တဝါကလည်း   လျှပ်စစ် ဓာတ်အားသုံးစွဲသူ ၇၀၀၀၀ ကျော် ကို         လျှပ်စစ်ဓာတ်အားများ ပြန်လည်ဖြန့်ဖြူး   ပေးနိုင်သော် လည်း ၁၁၀၀၀၀ ခန့် ဓာတ်အား မရရှိသေးကြောင်း သိရသည်။ 
ယခုဖြစ်စဉ်သည် ၁၉၉၈ ခုနှစ် ရေခဲမုန်တိုင်းနှင့်  ၂၀၁၈   ခုနှစ် လေဆင်နှာမောင်းထက်     ပိုမို ပြင်းထန်ကြောင်း သိရသည်။
ဆင်ဟွာ