ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာမှုနှင့်အတူ တူရကီနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှု တိုးလာ


 

အင်ကာရာ  မေ  ၂၄
ကိုဗစ်-၁၉  ရိုက်ခတ်မှုကနေ စီးပွားရေးပြန်လည်ဦးမော့ရန် ကြိုးစားနေသော တူရကီနိုင်ငံတွင် နိုင်ငံခြား ခရီးသွားဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိရာ ယခုနှစ် ဧပြီလတွင် ၂  ဒသမ ၅၇ သန်း ရှိသည့်အတွက် ၂၂၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မေ ၂၄ ရက်တွင် ထုတ်ပြန်သော တရားဝင် အချက်အလက်များအရ သိရသည်။ 
ပြီးခဲ့သည့်နှစ်က  ကာလတူနှင့်နှိုင်းယှဉ်ကြည့် မည်ဆိုပါက ယခုနှစ် ဇန်နဝါရီလနှင့် ဧပြီလကြားတွင် နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည်  ၇ ဒသမ ၄၇ သန်းရှိသည့်အတွက်  ၁၇၂  ဒသမ  ၅၁  ရာခိုင်နှုန်း မြင့်တက်လာကြောင်း       တူရကီယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ    ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။     
ဧပြီလတွင် နိုင်ငံခြားခရီးသွားဝင်ရောက်မှု အမြင့် ဆုံးဖြစ်ပြီး ဘူလ်ဂေးရီးယားနိုင်ငံမှ ၂၇၀၉၉၇ ဦး၊ ဗြိတိန်နိုင်ငံမှ  ၂၂၅၂၉၆  ဦးနှင့်     ဂျာမနီနိုင်ငံမှ ၃၉၅၃၇၂ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ တူရကီ နိုင်ငံ၏ လူဦးရေ အထူထပ်ဆုံးမြို့နှင့် အဓိကခရီးသွား ရာ နေရာတစ်ခုဖြစ်သည့် အစ္စတန်ဘူလ်သို့ နိုင်ငံခြား ခရီးသွားဧည့်သည်အားလုံး၏ ၃၇ ဒသမ ၉ ရာခိုင်နှုန်း လာရောက်လည်ပတ်ကြကြောင်း သိရသည်။ ထို့ အပြင် တောင်ပိုင်းပြည်နယ်ဖြစ်သည့် အန်တဲလ်ယာ သို့လည်း  နိုင်ငံခြားခရီးသွား   ဧည့်သည်အားလုံး၏ ၂၅  ဒသမ  ၇ ရာခိုင်နှုန်း   လာရောက်လည်ပတ် ကြောင်း သိရသည်။ 
နိုင်ငံခြားခရီးသွားများ ပြည်တွင်းသို့ အရှိန်အဟုန် ဖြင့်    ဝင်ရောက်လာသောကြောင့်  အရေးပါသော တူရကီနိုင်ငံ၏     ခရီးသွားလာရေးကဏ္ဍသည် ပြန်လည်ဦးမော့လာသော်လည်း ၂၀၁၉ ခုနှစ် ဧပြီလ က ဝင်ရောက်ခဲ့သော နိုင်ငံခြားခရီးသွားဧည့်သည် ၃ ဒသမ ၃ သန်း‌ထက် လျော့နည်းနေသေးကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ ထို့ အပြင် တူရကီနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံခြား ခရီးသွားဧည့်သည်  စုစုပေါင်း သန်း ၃၀ လာရောက် လည်ပတ်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၅ ဘီလီယံရရှိခဲ့သည်။               ဆင်ဟွာ