ဂေဟစနစ် ဝန်ဆောင်မှုများ

Type
99

 

 

သီဟစည်သူ

 

ဂေဟစနစ်များသည် လူသားတို့ အသက်ရှင်နေထိုင်မှုအတွက်  အခြေခံ လိုအပ်ချက်များ အနက်   များစွာသော  ဝန်ဆောင်မှုများကို ဆောင်ကြဉ်းပေးလျက်ရှိပြီး ဂေဟစနစ်ဝန်ဆောင်မှုများသည် လူသားများအတွက် သဘာဝကပေးသော အကျိုးကျေးဇူးများပင် ဖြစ်သည်။
တောရိုင်းတိရစ္ဆာန် သို့မဟုတ် ဂေဟ စနစ်များက ပေးအပ်သော အပြုသဘော ဆောင်သည့်    အကျိုးကျေးဇူးများသည် လူသားတို့အတွက်     တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အထောက်အပံ့ပေး လျက်ရှိသည်။ သဘာဝအတိုင်း  ရရှိနေ သော  ဂေဟစနစ်ဝန်ဆောင်မှု  လေးမျိုးရှိ ပြီး ရိက္ခာဖြည့်တင်းပေးခြင်း၊  ထိန်းညှိပေး ခြင်း၊ ပံ့ပိုးမှုပေးခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဝန်ဆောင်မှုတို့ ပါဝင်သည်။ 
၁။ ရိက္ခာဖြည့်တင်းပေးသော ဝန်ဆောင်မှု
ရိက္ခာဖြည့်တင်းပေးသော ဝန်ဆောင် မှုမှ အစားအစာ(သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်၊ အသား၊ ငါး)၊ သစ်၊ သဘာဝ လောင်စာများနှင့်       အမျှင်များကဲ့သို့ ကုန်ကြမ်းပစ္စည်းများ၊ ရေချိုအရင်းအမြစ် များ၊ မြက်ခင်းပြင် ဂေဟစနစ်၊ အပင်မျိုးစုံ နှင့်   မှိုများမှ  ဆေးဘက်ဆိုင်ရာ   အရင်း အမြစ်များသည်       ဂေဟစနစ်များမှ တိုက်ရိုက်ရရှိသည့်   အကျိုးကျေးဇူးများ ဖြစ်သည်။
၂။ ထိန်းညှိပေးခြင်း ဝန်ဆောင်မှုများ
ထိန်းညှိပေးခြင်း   ဝန်ဆောင်မှုများမှ (၁) ဒေသတွင်း  ရာသီဥတု  လေထုအရည် အသွေး  ထိန်းညှိပေးခြင်း (သစ်တောများ သည် ဒေသအလိုက် မိုးရွာသွန်းမှုနှင့် ရေ ရရှိမှုအပေါ် လွှမ်းမိုးမှုရှိပြီး အရိပ်ပေးခြင်း၊ လေထုညစ်ညမ်းမှုကို   ဖယ်ရှားခြင်းဖြင့် လေထုအရည်အသွေးထိန်းညှိပေးခြင်း)၊ (၂) ကာဗွန်သိုလှောင်ပေးခြင်း (သစ်ပင် များသည် လေထုမှ   ကာဗွန်ဒိုင်အောက် ဆိုက်ကို  စုပ်ယူပေးခြင်း)၊  (၃) သဘာဝ ဘေးအန္တရာယ်များကို ထိန်းညှိပေးခြင်း (ဂေဟစနစ်အတွင်းရှိ သက်ရှိသက်မဲ့များ သည် လူသားများအပေါ်      ကျရောက်မည့် သဘာဝဘေးများကြောင့် ပျက်စီးဆုံးရှုံးမှု များကို   လျှော့ချပေးခြင်း)၊   (၄) ရေဆိုး သန့်စင်ပေးခြင်းနှင့် ရေစီးဆင်းမှု ထိန်းညှိ ပေးခြင်း (စိုစွတ်သောမြေများကဲ့သို့သော ဂေဟစနစ်များသည်       အဏုဇီဝသက်ရှိ များ၏ ဇီဝဗေဒ လုပ်ဆောင်မှုမှတစ်ဆင့် အညစ်အကြေးများကို   ချေဖျက်စေပြီး အန္တရာယ်ရှိသောရောဂါပိုးများကို ဖယ်ရှား စေခြင်း)၊ (၅) မြေဆီလွှာ    တိုက်စားမှု ကာကွယ်ခြင်းနှင့်    မြေဆီ  မြေသြဇာ        ကြီးထွားမှု    ထိန်းသိမ်းခြင်း (မြေကြီးကို  သစ်ပင်၊    အသီးအရွက်များ         ဖုံးအုပ်ထား ခြင်းသည်          မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်ပေးပြီး နိုက်ထရိုဂျင်ကဲ့သို့သော သဘာဝ             ဇီဝဖြစ်စဉ်များမှတစ်ဆင့် မြေသြဇာကောင်းမွန်စေခြင်း)၊ (၆) ဝတ် မှုန်ကူးခြင်း (စိုက်ပျိုးရေးလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သော ဝတ်မှုန်ကူးခြင်းကို အင်းဆက်   ပိုးမွှားများ၊ ပျားများ၊ ငှက်များ နှင့် လင်းနို့စသည်)၊  (၇)   ဇီဝထိန်းချုပ်မှု (သားကောင်များနှင့်  ကပ်ပါးကောင်များမှ ပိုးမွှားများနှင့်ရောဂါကျရောက်မှု အလား အလာများကို ထိန်းချုပ်ပေးခြင်း) စသည် တို့ကို လုပ်ဆောင်ပေးသည်။
၃။ ပံ့ပိုးမှု ဝန်ဆောင်မှုများ
ဂေဟစနစ်များသည်        ပံ့ပိုးမှု ဝန်ဆောင်မှုများအဖြစ် အပင်မျိုးစိတ်များ နှင့် တိရစ္ဆာန်မျိုးစိတ်များအတွက် နေထိုင် ရန်    နေရာများပေးခြင်းနှင့်   မျိုးရိုးဗီဇ ကွဲပြားမှုကို ထိန်းသိမ်းပေးခြင်းများ  လုပ် ဆောင်ပေးသည်။
၄။ ယဉ်ကျေးမှု ဝန်ဆောင်မှုများ
ယဉ်ကျေးမှု  ဝန်ဆောင်မှုများမှာ (၁) သစ်ပင်ပန်းမန်များမှ        အပန်းဖြေခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့်            ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်စေခြင်း၊ (၂) ခရီး သွားဝန်ဆောင်မှု (ဤဝန်ဆောင်မှုသည် ကမ္ဘာတစ်ဝန်းမှ  လာရောက်လည်ပတ်သူ များအတွက်        အကျိုးကျေးဇူးများနှင့် သဘာဝခရီးသွား ဝန်ဆောင်မှုများအတွက် ဝင်ငွေရရှိစေခြင်း)၊   (၃)  တိရစ္ဆာန်များ၊ အပင်များနှင့်       ဂေဟစနစ်များသည် ယဉ်ကျေးမှု၊ အနုပညာနှင့် ဒီဇိုင်းအတွက် အလှအပတန်ဖိုးထားမှုကို   ဖြစ်စေရန် လှုံ့ဆော်မှုပေးခြင်း စသည်တို့ကို ပံ့ပိုးပေး သည်။ ကျောက်ဂူနံရံများတွင် ရှေးခေတ် က ရေးဆွဲထားသည့် အပင်များ၊ တိရစ္ဆာန် များ၊   ရာသီဥတုပုံစံများ  စသည်တို့သည် ရှေးခေတ်လူသားတို့၏ စိတ်တွင် ဂေဟ စနစ်များ၏ အရေးပါမှုကို ခြေရာကောက် နိုင်သည်။
ဂေဟစနစ်ဝန်ဆောင်မှုများ ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ  နိုင်ငံတကာသိပ္ပံနှင့်  မူဝါဒ လုပ်ငန်းအဖွဲ့၏ ၂၀၁၉ ခုနှစ် အစီရင်ခံ စာတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဂေဟ စနစ်      ယိုယွင်းပျက်စီးလာမှုကြောင့်  “ဆင်းရဲမှုနှင့်     ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး၊   စားနပ်ရိက္ခာ  ဖူလုံရေး၊ လူတိုင်းကျန်းမာရေးနှင့်   သာယာဝပြော ရေး၊   စားသုံးမှုနှင့်   ထုတ်လုပ်မှု ရေရှည် စဉ်ဆက်မပြတ်    မျှတစေရေး၊  ရေရှည် တည်တံ့သော မြို့ပြများ   ဖြစ်ထွန်းလာ စေရေး၊  ရာသီဥတုပြောင်းလဲမှု လျှော့ချ ရေး၊  ပင်လယ်သမုဒ္ဒရာများ၊   ရေနှင့် မြေသယံဇာတများအား    ထိန်းသိမ်း စောင့်ရှောက်ရေး”   ဆိုင်ရာ   ရေရှည် တည်တံ့သော ဖွံ့ဖြိုးရေးရည်မှန်းချက်များ ၏ ၈၀ ရာခိုင်နှုန်းကို ယိုယွင်းလျော့နည်း သွားစေနိုင်ကြောင်း    ဖော်ပြထားသည့် အတွက် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟ စနစ်များထိန်းသိမ်းရေးသည် လူသားတို့ အတွက်   အဓိကကျသည့်   အခြေခံ အုတ်မြစ် တစ်ရပ်ပင်ဖြစ်သည်။
ထို့ကြောင့် တောရိုင်းတိရစ္ဆာန်များနှင့် ဂေဟစနစ်များသည် လူသားတို့အတွက် တန်ဖိုးရှိသည့် အမွေအနှစ်များပင်ဖြစ်၍ ကျွန်ုပ်တို့၏ သား၊ မြေးများအတွက် အစဉ် ထိန်းသိမ်းစောင့် ရှောက်ကြရန်    လိုအပ် မည် ဖြစ်ပါကြောင်း။      ။
ကိုးကား - The  National  Wildlife Federation : Ecosystem Services