
မနီလာ မေ ၂၃
ခရီးသည် ၁၂၄ ဦးနှင့် အမှုထမ်း ၁၀ ဦးတို့ လိုက်ပါသော ကူးတို့ ရေယာဉ်တစ်စင်းသည် ဖိလစ်ပိုင် နိုင်ငံ လူဇုန်ကျွန်းမကြီးရှိ ကွီဇုံပြည်နယ်မှ မြို့တစ်မြို့သို့ ခုတ်မောင်းနေစဉ် မေ ၂၃ ရက် က မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ခုနစ်ဦးသေဆုံးကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့ (ပီစီဂျီ) မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။
Mercraft 2 အမည်ရှိ ရေယာဉ်သည် ပြည်နယ်အတွင်း ရှိ ကျွန်းမြို့တစ်မြို့ဖြစ်သော ပိုလီလိုမှ ဒေသစံတော်ချိန် နံနက် ၅ နာရီတွင် ထွက်ခွာလာခဲ့ ပြီး ရီးရဲဆိပ်ကမ်းမြို့သို့ ခုတ် မောင်းနေစဉ် ဆိပ်ကမ်းနှင့် မီတာ ၉၀၀ ခန့် အကွာတွင် မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် အာမန်း ဘာလီလို က ပြောကြားသည်။
မီးလောင်မှုကြောင့် ခရီးသည် များနှင့် အမှုထမ်းများ ပင်လယ်ထဲ သို့ ခုန်ဆင်းခဲ့ကြောင်း သိရသည်။ ဘာလီလိုက ပင်လယ်ထဲမှ လူ ၁၂၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ ကြောင်း၊ ခရီးသည် ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး ပီစီဂျီမှ ပေးပို့သော ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းတွင် မီးတောက်သည် ကူးတို့ယာဉ် ကို လောင်မြိုက်နေကြောင်း၊ လူများသည် ဖောင်ပေါ်သို့သွားရန် မီးလောင်နေသော ကူးတို့ယာဉ်မှ ခုန်ဆင်းနေကြောင်း ဖော်ပြထား သည်။ အခြားသော ဓာတ်ပုံတွင် လူများသည် ရေပေါ်အရာဝတ္ထုနှင့် ကြိုးများကို တွယ်ကပ်နေကြ ကြောင်း၊ အခြားသော ဗီဒီယို တစ်ခုတွင် ပီစီဂျီအဖွဲ့ဝင်တစ်ဦး သည် လူတစ်ဦးအား သတိလည် လာအောင် အသက်ကယ်နေပုံကို တွေ့ရကြောင်း ဖော်ပြထားသည်။
အာဏာပိုင်များသည် အဆိုပါ မီးလောင်မှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေ ကြောင်း သိရသည်။ ဆင်ဟွာ