
ရေဦး မေ ၂၁
သံဃာတော်များ မိုးတွင်းကာလတွင် ဆွမ်းကွမ်းကိစ္စ အဆင်ပြေစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန မိသားစုမှ ရေဦးမြို့ မဟာဓမ္မာရုံကျောင်းတိုက် တွင် ယနေ့နံနက်ပိုင်းက ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ထွန်း ဦးဆောင်၍ ရေဦးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မိသားစုမှ ဆွမ်းဆန်တော် ၁၀ အိတ်အား မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဓမ္မာရုံကျောင်းတိုက် ဆရာတော်ထံသို့ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် ဓမ္မာရုံကျောင်းတိုက်ဆရာတော်က လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အနုမောဒနာတရား ဟောကြားချီးမြှင့်ခဲ့ ကြောင်း သိရသည်။
သန်းထိုက်(ရေဦး)