တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ  နယ်လှည့်အထူးကုဆေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

 

နေပြည်တော်  မေ  ၁၇
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့်  နယ်လှည့်အထူးကုဆေးအဖွဲ့များ    ပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ကျွန်းစုမြို့နယ်ရှိ ဝဲကျွန်းကျေးရွာ အခြေခံပညာ    အလယ်တန်းကျောင်းခွဲ၌   ဒေသခံ ပြည်သူ    ၉၀၂   ဦးကို    ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၇၃ ဦး၊ ခွဲစိတ်ရောဂါ ၁၀၈ ဦး၊ သားဖွား/မီးယပ်ရောဂါ ၉၇ ဦး၊ ကလေးရောဂါ ၈၁ ဦး၊ အရိုး ရောဂါ ၇၉ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၈၈ ဦး၊ မျက်စိရောဂါ ၉၄ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၂   ဦးတို့ကို   လိုအပ်သည့်  ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေ ခွဲစိတ်လူနာ ၃၂ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၁၇ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်၍ ဓာတ်မှန်ရိုက်လူနာ ၇၉ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၆၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၄၂ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၁၄ ဦးကို  ဆေးရုံရေယာဉ်ပေါ်တွင် ဆေးရုံတင်ကုသ ပေးခဲ့ကြောင်းနှင့်   မီးဖွားလူနာ   တစ်ဦးကိုလည်း ဆေးရုံရေယာဉ်ပေါ်၌ အောင်မြင်စွာ မွေးဖွားပေးနိုင် ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်