
နေပြည်တော် မေ ၁၇
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီ ကောလိပ်များနှင့် ကောလိပ်များကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှစတင် ၍ ပုံမှန်ပညာသင်နှစ်ဝက် ကာလအတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့် ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ ကျောင်း ပြန်လည်တက်ရောက်လျက်ရှိကြသည်။
ယခုကဲ့သို့ တက္ကသိုလ်နှင့် ကောလိပ်များ စနစ်တကျဖွင့်လှစ်နိုင်ရေး အတွက် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်