ဘူးသီးတောင်မြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

 

 

ဘူးသီးတောင်   မေ   ၁၇
ဘူးသီးတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၇ ရက်က စတင်ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။ 
 ရှေးဦးစွာ ဘူးသီးတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးသန်းဌေးက မိုးစပါး စိုက်ပျိုးစရိတ် ထုတ်ယူ မည့် တောင်သူများအား ချေးငွေစာချုပ်ပါစည်းကမ်းချက်များနှင့် မြန်မာ့  လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ   ချေးယူငွေများအား   သတ်မှတ်ကာလ အတွင်း   အပြေအကျေ   ပြန်လည်ပေးဆပ်ကြရေးတို့ကို    ရှင်းလင်း ပြောကြားသည်။
 ထို့နောက် ပြန်လည်ပေးဆပ်မှုအားကောင်းသော သရက်ကင်းမနု ကျေးရွာအုပ်စုမှ တောင်သူ  ၁၂ ဦးတို့၏ စိုက်ပျိုးဧက ၁၇ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ချေးငွေပေါင်း ငွေကျပ် ၂၅၅၀၀၀၀  အား စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
 ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက်   တစ်မြို့နယ်လုံး  အတိုင်းအတာ ဖြင့် ကျေးရွာအုပ်စု ၃၅ အုပ်စုမှ တောင်သူ ၁၈၉၀ ၏ လယ် ဧကပေါင်း   ၇၇၄၄  ဧကကို  တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ငွေကျပ်  ၁၁၆၁၆ သိန်း ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။  
လှကျော်( ပြန်/ ဆက်)